
နေပြည်တော် စက်တင်ဘာ ၂၄
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြဝတီ ပဲလေ့စ်ဟိုတယ်၌ လက်နက်များ အရောင်းအဝယ် ပြုလုပ်သည့် တရားခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဘားအံ မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဇော်မင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဂုဏ်ပြုခံလုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ ဝင်များကို ချီးကျူးဂုဏ်ပြု အမှာစကားပြောကြား သည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြည်နယ်ဝန်ကြီးချုပ်(ဝဲပုံ)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေကျပ်သိန်း ၉၀ ကို ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်