မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

 

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် မေ ၂၇ ရက်မှ ၂၉ ရက်အထိ  လယ်ယာထွက်ကုန်ပစ္စည်းများနှင့်   CMP ပစ္စည်းများ တင်ပို့ခဲ့သည်။ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ဒန့်သလွန်စေ့ခြောက်၊ မိဿလင်ခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ချင်းနွယ်ဝင်တစ်မျိုး၊ ခွေးလှေးယားစေ့(အနက်)၊ ကန့်ချုပ်နီ၊ မန်ကျည်း သီး၊ လင်းလေမြစ်နှင့် ဂေါ်ဖီထုပ်တို့ ဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများ မှာ ခုံး၊ ခရု၊ ပုစွန်၊ ငါးမြွေတိုး၊ ငါးခွေးလျှာ၊ ဝသုံးလုံး ကဏန်း၊ ငါးမြစ်ချင်း စည်ဖောင်း၊ ကျောက်ငါး၊ ကုလားကုတ်၊ ငါးပါးနီ၊ မီးတံသွယ်ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးတီး၊ ငါးသလောက်၊ ကကူရံ၊ ငါးကွမ်းရှပ်၊ ငါးဆားနယ် နှင့် သဲကဏန်းတို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိသည်။
သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊  ဓာတ်မြေဩဇာ၊  ငါးဖမ်းကိရိယာ၊  စားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)၊ စက်နှင့် စက်ပစ္စည်း ကိရိယာ၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အားကစား ပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေးပစ္စည်းနှင့် အိမ်သုတ်ဆေးတို့ တင်သွင်း လျက်ရှိသည်။  
ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်  ၈၅ ဒသမ ၁ ကျပ်သာရှိခဲ့ပြီး ယခုအပတ်တွင်လည်း ၈၅ ဒသမ ၁ ကျပ်သာရှိ၍ ဘတ်စျေးတည်ငြိမ်လျက်ရှိပြီး ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းလျက်ရှိ ကြောင်း သိရှိရသည်။ 
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၂၉ ရက်အထိ ပို့ကုန် ၈၆ ဒသမ ၂၉၃ ကန်ဒေါ်လာသန်း၊ သွင်းကုန် ၁၉၃ ဒသမ ၀၃၅ ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂၇၉ ဒသမ ၃၂၈ ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

သတင်းအရင်းအမြစ် - စီးပွား/ကူးသန်း