မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောင်ပြိုလမ်းပိတ်သည့်နေရာများကိုဖယ်ရှား

 

ဘားအံ  ဩဂုတ်  ၁၅


ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဩဂုတ် ၇ ရက်က မြဝတီ - ကော့ကရိတ် အာရှကားလမ်းမကြီး၏ မိုင်တိုင်အမှတ်(၁၄၉ ဒသမ ၅)နှင့်  မိုင်တိုင်(၁၅၁)ကြားတွင် မြေပြို၍ လမ်းပိတ်ခဲ့သည့်နေရာများကို ဖယ်ရှားရှင်းလင်းခဲ့ပြီး ဩဂုတ်  ၁၅ ရက် မွန်းလွဲပိုင်းတွင်  လမ်းတစ်ခြမ်းဖွင့်၍ အဆိုပါ နေရာနှစ်ခုကြားတွင် ပိတ်မိနေသောကားများကို မြဝတီဘက်သို့ ပြန်လည်စေလွှတ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။


မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီး မိုင်တိုင်(၁၄၉ ဒသမ ၅) နှင့် (၁၅၀) ကြား၊  မိုင်တိုင်(၁၅၀)နှင့်  (၁၅၁)ကြား ကားလမ်းမတွင် မြေပြိုကျပြီး  လမ်းပိတ်သွား သည့်အတွက်   လမ်းပေါ်ပြိုကျသည့်     မြေသား များကို    ဖယ်ရှားရှင်းလင်းခဲ့ကာ အဆိုပါနေရာ နှစ်ခုကြားတွင်  ပိတ်မိနေသော ခရီးသည်တင် ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့်  အိမ်စီးယာဉ် များကို   ယနေ့မွန်းလွဲပိုင်းတွင်  မြဝတီဘက်သို့  လမ်းတစ်ခြမ်းဖွင့်၍  ပြန်လည်ထွက်ခွာစေခဲ့ ခြင်းဖြစ်သည်။


ယနေ့ညနေပိုင်းတွင်  မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် အာရှလမ်းမကြီး မိုင်တိုင် အမှတ်  (၁၅၅)  နှင့်  (၁၅၆)  ကြားတွင် မြေသား အနည်းငယ်      ထပ်မံပြိုကျလမ်းပိတ်ခဲ့ပြီး    အမြန်ဆုံး ရှင်းလင်းဖယ်ရှားနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့အတူ မိုင်တိုင်(၁၄၉ )နှင့်( ၁၄၉ ဒသမ ၅)ကြားတွင် ကားလမ်းအောက်ခံမြေသားအကျယ် ၃၃   ပေရှိ  ကတ္တရာခင်းကားလမ်း  အရှည်ပေ ၁၅၀ ခန့် ပဲ့ကျသည့်နေရာကိုလည်း  ဩဂုတ် ၁၀    ရက်မှစ၍     ယာယီဘေလီတံတားထိုး နိုင်ရေး    လမ်းပြင်ဆင်မှုနှင့်ပတ်သက်သည့် ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိပြီး ယာဉ် ယန္တရားများဖြင့် လမ်းပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊     ရာသီဥတု အခြေအနေကောင်းမွန်ပြီး  လုပ်အားအပြည့်ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ပါက     သတ်မှတ် ရက်ထက်  ပိုမိုဆောလျင်စွာ ပြီးစီးနိုင်မည်ဖြစ် ကြောင်း၊    အဆိုပါလမ်း   ပြင်ဆင်ပြီးမှသာ မြဝတီ-ကော့ကရိတ်    အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်  ဖြစ်ကြောင်း၊ ယခုကာလအတွင်း       လူစီးယာဉ်များနှင့် ပစ္စည်းသယ်ယာဉ်ငယ်များကို   ယခင်အသုံးပြု ခဲ့သည့် မြဝတီ-ကော့ကရိတ်  လမ်းဟောင်း ဖြစ်သော  ထို့ကော်ကိုးလမ်းပိုင်းမှ   နေ့စဉ် သွားလာနိုင်ရေး    စီစဉ်ဆောင်ရွက်ပေးထား ကြောင်း    ကရင်ပြည်နယ်   လမ်းဦးစီးဌာနမှ သိရသည်။


မြဝတီ-ကော့ကရိတ်  အာရှလမ်းမကြီး သည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်စည်စီးဆင်းရာ တွင် အဓိကကျသော စီးပွားရေးလမ်းကြောင်း တစ်ခုဖြစ်ပြီး   မဟာမဲခေါင်ဒေသ   အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပိုင်းတွင် ပါဝင် ကာ မြန်မာနိုင်ငံမှ ပြောင်း၊ ရော်ဘာ အစရှိသော ဒေသထုတ်ကုန်များ တင်ပို့ရောင်းချရာတွင် အသုံးပြုသောလမ်းဖြစ်သည့်အပြင် မြဝတီမြို့မှ ရန်ကုန်၊  မန္တလေးမြို့ကြီးများသို့ ပြေးဆွဲနေ သည့်  ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ် များနှင့် အိမ်စီးယာဉ်များ  နေ့စဉ်ဖြတ်သန်း သွားလာနေသော   လမ်းကြောင်းတစ်ခုဖြစ် ကြောင်း သိရသည်။      

ပြည်နယ်(ပြန်/ဆက်)