“မြူးမြူးကြွကြွ MRTV ည တေးဂီတဖျော်ဖြေပွဲ”ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်  အောက်တိုဘာ   ၂၁


“မြူးမြူးကြွကြွ MRTV ည တေးဂီတဖျော်ဖြေပွဲ” ပွဲစဉ်(၄)ကို အောက်တိုဘာ၂၂ ရက်  (သောကြာ နေ့ ) ည ၈ နာရီသတင်းအပြီးတွင်  မြန်မာ့အသံ နှင့်    ရုပ်မြင်သံကြား၌  ထုတ်လွှင့်ပြသမည် ဖြစ်သည်။ 

 


ယင်းအစီအစဉ်ကို     သားစိုးစီစဉ်ပြီး “ရွှေမြန်မာတေးဂီတအဖွဲ့”၏  တီးခတ်မှုနှင့် အတူ တေးသံရှင်များဖြစ်ကြသည့်  အောင်မျိုး ဝင်း၊ သိမ့်သိမ့်၊ ငြိမ်းသော်တာ၊ ဈာန်၊ အောင်ကို ဇော်၊ အိဖြူနှင့် အေးသဇင်လှိုင်တို့က ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။ 

 


ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ ၂၄ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀  နာရီခွဲတွင် ဒုတိယအကြိမ်   ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်