မူဒရစ်နှင့် ဘရိုဂျာတို့၏ သွင်းဂိုးများဖြင့် ချယ်ဆီး ဖူလ်ဟမ်ကို ဂိုးပြတ်အနိုင်ရ

 

ပရီမီယာလိဂ်   ပွဲစဉ်   (၇)   မှ အောက်တိုဘာ   ၃ ရက်  နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဖူလ်ဟမ်နှင့် ချယ်ဆီးအသင်းပွဲစဉ် တွင်  ချယ်ဆီးအသင်းက   နှစ်ဂိုး ပြတ်ဖြင့်  ယခုနှစ်ရာသီ    နှစ်ပွဲ မြောက် လိဂ်နိုင်ပွဲကို   ရယူနိုင်ခဲ့ သည်။ 
အဆိုပါပွဲစဉ်ကို     ဖူလ်ဟမ် အသင်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်ပြီး ပရိသတ် ၂၄၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ 
ပွဲအစပိုင်းတွင် ဖူလ်ဟမ်အသင်း၏ ကစားပုံ ဟန်ချက်ပျက်နေခဲ့ပြီး ချယ်ဆီးအသင်း၏ ဖိအားပေး တိုက်စစ်ဆင်မှုများကိုသာ ခုခံကာကွယ် ခဲ့ရသည်။  သို့သော်လည်း  နောက်ပိုင်းပွဲချိန်များတွင်   အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုပြုလုပ်နိုင်ခဲ့သည့်အတွက် အကြိတ်အနယ် ရှိလာခဲ့သည်။ 
ဦးဆောင်ဂိုးရရှိ
ပွဲချိန် ၁၈ မိနစ်တွင် ကိုးဝဲလ်၏  ဖန်တီးမှုကို မူဒရစ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည့်အတွက် ချယ်ဆီးအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ဦးဆောင်ဂိုး   ရရှိပြီးနောက်   တစ်မိနစ်အကြာတွင်    ချယ်ဆီးအသင်း ဒုတိယဂိုးရရှိခဲ့ပြီး  ပြိုင်ဘက်ကစားသမား၏ အမှားမှ ရရှိလာသည့် အခွင့်အရေးကို   ဘရိုဂျာက  သွင်းယူပေးခဲ့သည်။    ဒုတိယပိုင်းတွင် ဖူလ်ဟမ်တို့  ချေပဂိုးရရှိရေး  ကြိုးစားသော်လည်း  ဂိုးမရဘဲ  အပြန် အလှန်ကစားရင်း ပွဲအပြီးတွင်  ချယ်ဆီးတို့  နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင် ရခဲ့သည်။
မူဒရစ်၏ ပထမဆုံးဂိုး
ဇန်နဝါရီလတွင် ရှက်တာဒိုးနက်ခ်အသင်းမှ ချယ်ဆီးအသင်းသို့  ပေါင် ၈၉ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာသော မူဒရစ်သည် အသင်း အတွက် ပထမဆုံးသွင်းဂိုးကို ယခုပွဲစဉ်တွင်မှ သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ 
ချယ်ဆီးအသင်းက   ယခုပွဲအနိုင်ရရှိမှုကြောင့်    ခုနစ်ပွဲကစားပြီး နှစ်ပွဲနိုင်၊    နှစ်ပွဲသရေနှင့်  သုံးပွဲရှုံးရလဒ်  ရရှိထားသည်။    ပြိုင်ဘက် ဖူလ်ဟမ်အသင်းကလည်း  ခုနစ်ပွဲကစားပြီး  နှစ်ပွဲနိုင်၊  နှစ်ပွဲသရေနှင့် သုံးပွဲရှုံးရလဒ်ရရှိထားသည်။                  အောင်ဇော်