မူဆယ် ဇွန် ၉
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်နယ်စပ် နန်းတော်ဂိတ်၌ တရုတ်နိုင်ငံ ဘက်မှ မြန်မာနိုင်ငံရွှေ့ပြောင်း အလုပ်သမားများအား ယနေ့ နံနက် ၈ နာရီက ပြန်လည် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက် ရာတွင် တရုတ်နိုင်ငံ၌ တရား မဝင် ဝင်ရောက်သူများအား ထိန်းသိမ်းထားခဲ့ရာမှ မြန်မာနိုင်ငံ သား အမျိုးသား ၁၉၁ ဦးနှင့် အမျိုး သမီး ၁၀၉ ဦး စုစုပေါင်း ၃၀၀ တို့ကို တရုတ်-မြန်မာနယ်စပ် နန်းတော် ဂိတ်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာမူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့် မူဆယ်ခရိုင် လဝကဦးစီးမှူး ဦးရဲရင့်ထွန်းနှင့် အဖွဲ့များက လဝကနှင့်သက်ဆိုင် သည့် စာရွက်စာတမ်းများအား စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ဌာန ဆိုင်ရာအသီးသီးက နေရပ်ပြန်လာ သူများအား စနစ်တကျလက်ခံပြီး နေရပ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ အဆင်ပြေအေးချမ်း စွာ ပြန်နိုင်ရေးအတွက် မော်တော် ယာဉ်များနှင့် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ချယ်ရီမြေ(မူဆယ်)



