
မူဆယ် နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမ၌ (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မူဆယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်/ မြို့နယ်ဝန်ထမ်းများက သံဃာတော်ကြီးများပင့်ဖိတ်၍ ဆွမ်း၊ သင်္ကန်းကပ်လှူပြီး ပရိတ်တရားတော်နာယူကာ လှူဒါန်းမှုအတွက် ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)