မူဆယ်မြို့၌ ကိုဗစ်- ၁၉ ကာလအတွင်း တက်ကြွစွာပါဝင်ကူညီခဲ့ကြသော ပရဟိတအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

 

မူဆယ်    ဇူလိူင်     ၂


ရှမ်းပြည်နယ်     (မြောက်ပိုင်း) မူဆယ်မြို့၌ ကိုဗစ်-၁၉ ကာလ အတွင်း တက်ကြွစွာပါဝင်ကူညီခဲ့ ကြသော ပရဟိတအသင်းအဖွဲ့ များအား    ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို  ဇူလိုင်  ၁ ရက်က မူဆယ်ခရိုင်        လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန    လူမှု ဝန်ထမ်းဦးစီးဌာနရုံးခန်း၌ ကျင်းပသည်။

 


အခမ်းအနားတွင်   မူဆယ် ခရိုင်    လူမှုဝန်ထမ်း   ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဒေါ်တင့် တင့်ဝင်းက      အမှာစကားပြော ကြားသည်။         ယင်းနောက် မူဆယ်မြို့နယ်အတွင်း  ကိုဗစ်-၁၉     ရောဂါ            ကာကွယ်ရေးတွင်       တက်တက်ကြွကြွ      ပါဝင်ကူညီ      ဆောင်ရွက်ခဲ့သော         ကြက်ခြေနီ တပ်ဖွဲ့၊   မီးသတ်တပ်ဖွဲ့၊    ပါရမီ        လူမှုကူညီရေးအသင်း၊   သွေးချင်း ညီနောင်   လူမှုကူညီရေးအသင်း၊  စေတနာပရဟိတ          အသင်း၊ မြင့်မြတ်ပါရမီအသင်း၊ သဒ္ဓါဖြူစင် အသင်း၊     ချယ်ရီမြေအသင်း၊ အကြင်နာ           နွေးထွေးအသင်း၊ နှလုံးလှ      လူမှုကူညီရေးအသင်း၊ ကမ်းလက်ကူညီပရဟိတအသင်း၊ မောက်ကွမ်တိုင်း   ပရဟိတလူမှု ကူညီရေးအသင်းများကို ဒုတိယ ညွှန်ကြားရေးမှူးနှင့်      တက် ရောက်လာကြသည့် တာဝန်ရှိသူ များက     ဂုဏ်ပြုမှတ်တမ်းများ    ပေးအပ်ကာ အသင်း အသီးသီးမှ   တာဝန်ရှိသူများက လက်ခံရယူကြောင်း သိရသည်။
 

သန့်ဇင် (မူဆယ်)