မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁၁၇ ဒသမ ၀၁၇ သန်း ဆောင်ရွက်

 

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် မတ်  ၂၈ ရက်တွင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ  ၈၃၆ သန်း၊   သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ  ၂  ဒသမ  ၃၅၈ သန်း၊ ကုန်သွယ်မှုပမာဏ      အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၉၄ သန်း ဆောင်ရွက်နိုင်ခဲ့သည်။
အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများ မှာ ပဲတီစိမ်း ၅၇၂ ဒသမ ၂၅ တန်၊ ပဲယဉ်း  ၁၆၉ ဒသမ ၇  တန်၊  ကြက်သွန်နီ  ၄၈၈ တန်၊ ဖရဲသီး ၁၂၅၄ ဒသမ ၈ တန်၊ငါးရှဉ့်   ၃၀ ဒသမ ၂  တန်၊ ကြေးနီ ၃၃ ဒသမ ၅ တန်၊  သခွားမွှေး ၄၄၅ ဒသမ ၂ တန်၊    ကဏန်း ၁၇ ဒသမ ၆၇၅ တန်၊  ပုစွန်ဖွဲ ၁၂၉ ဒသမ ၅ တန်နှင့်   ပဲလွန်းဖြူ ၁၀၂ တန်တို့ဖြစ်သည်။
အများဆုံးတင်သွင်းခဲ့သည့်   သွင်းကုန် ပစ္စည်းများမှာ    ဆက်သွယ်ရေးလုပ်ငန်းသုံး ကြိုးဆက်ပုံး၊ ဖလင်ပြား၊   လျှပ်စစ်မော်တာ၊ ဘက်ထရီ၊ ဟင်းချိုမှုန့်၊ လိမ္မော်သီး၊ ဘိလပ်မြေ အိတ်ခွံ၊ စက်ဘီး၊ လက်တွန်းလယ်ထွန်စက်နှင့် တစ်ရှူးအစိုတို့ဖြစ်သည်။
မတ် ၁  ရက်မှ ၂၈ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ  ၆၃ ဒသမ ၈၄၁ သန်း၊ သွင်းကုန်တန်ဖိုး     အမေရိကန်ဒေါ်လာ   ၅၃ ဒသမ    ၁၇၆    သန်း၊      ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ    ၁၁၇   ဒသမ ၀၁၇ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည်။ MACCS  စနစ် အရ   ငွေလဲနှုန်း  တစ်ယွမ်လျှင်  ၃၀၄ ဒသမ ၀၂ ကျပ်ဖြင့်   တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင်        ကုန်သွယ်မှုလမ်းကြောင်း    ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။