
နေပြည်တော် ဧပြီ ၂၇
မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမ မြို့ မြင်းတပ်ရပ်၌ တည်ထား ကိုးကွယ်တော်မူသော ရှေးဟောင်း ဘုရား (၁၆) ဌာနသမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် သံဃာတော် အပါး ၁၈၀ အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲတို့ကို ယနေ့နံနက် ပိုင်းတွင် အဆိုပါစေတီတော်မြတ် ကြီး၏ ရင်ပြင်တော်၌ ပြုလုပ်ရာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ နန်းဦးကျောင်းတိုက် ဦးစီးပဓာန နာယက မြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တဉာဏိက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စေတီတော်အထွတ် သို့ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ဆရာ တော်ကြီးများထံ ဆက်ကပ် လှူဒါန်းကြပြီး စေတီတော်အား လက်ယာရစ် သုံးပတ်လှည့်လည် ပင့်ဆောင် ပူဇော်ကြသည်။ ထို့နောက် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီ တော်အထွတ်သို့ တင်လှူပူဇော် ကြသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက် ရောက်လာကြသူများက မြိုင်ကြီးငူ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာ တော်များ ရွတ်ပွားချီးမြှင့်တော်မူ သော မေတ္တသုတ် ပရိတ်တရား တော်များ နာယူကြကာ သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော် အပါး ၁၈၀ တို့ကို ဆွမ်းဆန်စိမ်းများ လောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်