
နေပြည်တော် ဒီဇင်ဘာ ၄
ယနေ့ ည ၉ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ဂျဝပ်ဒ်” သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသော မုန်တိုင်းငယ် အဖြစ် အားလျော့သွားခဲ့ကာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက် မြောက်ဘက် ရေမိုင် ၅၂၀ ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၅၇၀ ခန့်၊ အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက်ရေမိုင် ၁၀၀ ခန့်၊ ဂိုလ်ပါပူမြို့၏ တောင်ဘက် ရေမိုင် ၁၄၀ ခန့်၊ ပူရီမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်နှင့် ပါရာဒစ်ရှ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၂၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိ အခြအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့်အခြေအနေ မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ် သည် မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျား ပြီး၊ နောက် ၁၈ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားနိုင်သည်။ ထို့နောက် ဒီဇင်ဘာ ၅ ရက်တွင် အိန္ဒိယနိုင်ငံ ဩရိဿ ကမ်းခြေ ပူရီမြို့အနီးသို့ ရောက်ရှိပြီးနောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ ဒီဇင်ဘာ ၆ ရက်တွင် လေဖိအား နည်းရပ်ဝန်းအဖြစ် အားလျော့ပြီး၊ အိန္ဒိယနိုင်ငံ ဩရိဿကမ်းခြေနှင့် အနောက်ဘင်္ဂလား ပြည်နယ် ကမ်းခြေသို့ ရောက်ရှိမည်ဟု ခန့်မှန်းရသည်။
အဆိုပါ အားကောင်းသော မုန်တိုင်းငယ် ၏ အရှိန်ကြောင့် နောက် ၇၂ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာပြီး မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက် ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ် နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ခုနစ်ပေမှ ကိုးပေခန့် ရှိနိုင်သည်။
သို့ဖြစ်ပါ၍ အားကောင်းသော မုန်တိုင်း ငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်း ပျံသန်း ရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ