
တောင်ကြီး မေ ၁၇
အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ဝင်ရောက် တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် သင့်ခဲ့ရသည့် ဒေသများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင် ရေး အလှူငွေပေးအပ် လှူဒါန်းပွဲ ကို မေ ၁၇ ရက် ညနေပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မုန်တိုင်းတိုက်ခတ် ပြီးဆုံးသွား သောကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ သည့် ဒေသများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ပစ္စည်းများ အသုံးပြုနိုင်ရန် အလှူ ငွေများပေးအပ်ခြင်း အခမ်းအနား ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မုန်တိုင်းဒဏ် သင့်ခဲ့သည့် ဒေသများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင် ရေး အလှူငွေများ ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ များကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ပေးအပ်၍ လည်းကောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များက ပေးအပ်သော အလှူငွေများကို ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်၍ လည်းကောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပေးအပ် လှူဒါန်းသည့် အလှူငွေများကို ပြည်နယ် တရားလွှတ်တော်၊ တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် နှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်း ရေးမှူးတို့က လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အဆိုပါ မုန်တိုင်းဒဏ်သင့်ခဲ့ သည့် ဒေသများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင် ရေးအတွက် စုစုပေါင်းအလှူငွေ ကျပ် ၈၅၂၂ သိန်းရရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)