မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လှူဒါန်းရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်တစ်စင်း ရန်ကုန်မြို့သို့ထပ်မံရောက်ရှိ

 

နေပြည်တော်  မေ   ၁၉


ရခိုင်ကမ်းရိုးတန်းဒေသသို့  ဆိုင် ကလုန်းမုန်တိုင်း   မိုခါ(MOCHA) ဖြတ်သန်း   တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ   ဖြစ် ပေါ်ခဲ့သော     တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ များမှ မုန်တိုင်းဒဏ်သင့်ပြည်သူ များကို   ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အသုံးပြု နိုင်ရန်အတွက်   အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများ နှင့်     စားသောက်ဖွယ်ရာများ တင်ဆောင်လာသော    အိန္ဒိယ ရေတပ်မှ    စစ်ရေယာဉ်     INS Gharial သည် ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း ရှိ  MITT  တံတားသို့   ထပ်မံ ဆိုက်ရောက်လာခဲ့ပြီး    အိန္ဒိယ ရေတပ်မှ   စစ်ရေယာဉ်    INS Gharial အား တပ်မတော်(ရေ)မှ အရာရှိကြီးများ၊   မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူး နှင့်  တာဝန်ရှိသူများက  ကြိုဆို နှုတ်ဆက်ကြသည်။

 


ကယ်ဆယ်ရေးပစ္စည်းများ
အမြန်ဆုံးရောက်ရှိစေရေး


ထို့နောက်   အိန္ဒိယရေတပ် ၏  စစ်ရေယာဉ် INS Gharial မှ ကူညီကယ်ဆယ်ရေး      ပစ္စည်းများ နှင့်  စားသောက်ဖွယ်ရာများအား သက်ဆိုင်ရာ   တာဝန်ရှိသူများထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အိန္ဒိယ ရေတပ်မှ     စစ်ရေယာဉ်    INS Gharial ဖြင့်  ရောက်ရှိလာသော ကူညီကယ်ဆယ်ရေးပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများအား မုန်တိုင်းဒဏ်သင့်  ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ဆက်လက်ဖြန့်ဝေနိုင်ရေး  စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း  သိရ သည်။

 


ရန်ကုန်မြို့မှ  
ပြန်လည်ထွက်ခွာ


မုန်တိုင်းဒဏ်သင့် ဒေသများ အတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အသုံးပြု နိုင်ရန် ကူညီကယ်ဆယ်ရေးပစ္စည်း များနှင့်  စားသောက်ဖွယ်ရာများ လာရောက်ပို့ဆောင်သော ရန်ကုန် မြို့တွင်  ယမန်နေ့က   ရောက်ရှိ နေသည့်   အိန္ဒိယရေတပ်မှ   စစ် ရေယာဉ်  INS-Shivalik၊ INS-Kamorta နှင့် INS-Savitri  တို့ သည်  ယနေ့   မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ  ပြန်လည်ထွက်ခွာ သွားကြကြောင်း      သတင်းရရှိ သည်။                      

သတင်းစဉ်