
မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် အချက်များ
၁။ မိသားစုဝင်များ ပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ။
၂။ အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုးများ၊ ဓာတ်တိုင်၊ သစ်ပင် သစ်ကိုင်းများ သတိပြုရှောင်ရှားပါ။ သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ကူညီရှင်းလင်းပါ။
၃။ အိမ်၏ခိုင်ခံ့မှုအနေအထားနှင့် အဆိပ်ရှိသော တိရစ္ဆာန် များ အိမ်ခြံအတွင်း ရှိ/မရှိ စစ်ဆေးပါ။
၄။ သန့်ရှင်းသောသောက်သုံးရေ (သို့) ကျိုချက်ထားသောရေ (သို့) ရေသန့်ဆေးခတ်ထားသောရေကိုသာ အမြဲသောက် သုံးပါ။
၅။ ကယ်ဆယ်ရေးနှင့် အရေးပေါ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ပါ။
မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ
၁။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကို မျှဝေပါ။ ကောလာဟလ သတင်းများကို မယုံပါနှင့်။
၂။ မလိုအပ်ဘဲ အပြင်မထွက်ပါနှင့်။
၃။ မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲပါနှင့်။
၄။ ပြိုကျပျက်စီးနေသော အဆောက်အအုံများ၊ သစ်ပင်များ၊ တောင်စောင်းများသို့ မသွားပါနှင့်။