မုံရွာ၌ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် နေကြာ၊ ဂျုံ၊ ဝါ၊ ကုလားပဲ၊ စပါးနှင့် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်ရရှိရေး ပြပွဲ ၊ ဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲ ကျင်းပ

 

နေပြည်တော်  မတ်   ၂


တောင်သူ    လယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် နေကြာ၊ ဂျုံ၊ ဝါ၊ ကုလားပဲ၊ စပါးနှင့် ဆီထွက် သီးနှံများ ပန်းတိုင်အထွက်  ရရှိ ရေးပြပွဲ၊ ဆွေးနွေးပွဲနှင့် စာတမ်း ဖတ်ပွဲ အခမ်းအနားကို ယနေ့တွင်  မုံရွာမြို့ရှိ   စစ်ကိုင်းတိုင်းဒေသ ကြီး  စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး ဝင်းအတွင်း  ကျင်းပရာ  အခမ်း အနားတွင်  စစ်ကိုင်းတိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး   ဗိုလ်မှူးကြီး  ဝင်းတင်စိုး က  အမှာစကား   ပြောကြားပြီး   တိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီး ဌာနမှူး        ဦးဝင်းလှိုင်ဦးက       စာတမ်းဖတ်ပွဲ၊    ဆွေးနွေးပွဲနှင့်  ပြပွဲဆောင်ရွက်ရခြင်း   ရည်ရွယ် ချက်ကို ရှင်းလင်းတင်ပြသည်။

 


တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့်   ခင်းကျင်း ပြသထားသည့်  ပြခန်းများတွင် နေကြာ၊ ဂျုံ၊ ဝါ၊ ကုလားပဲ၊ နွေစပါး၊ မိုးစပါးနှင့်       ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်  မျိုးစေ့များ၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ နှင့် ပိုးမွှားရောဂါ ဆိုင်ရာပြခန်းများ ကို   စိတ်ဝင်စားဖွယ်   ခင်းကျင်း ပြသထားပြီး လာရောက်လေ့လာ ကြသည့် တောင်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းစိတ်ဝင်စားသူများ၏ သိရှိလိုသည်များကို သက်ဆိုင်ရာစိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများက အသေးစိတ်ရှင်းလင်းပြသခဲ့ကြ ကြောင်း (အောက်ပုံ)၊ အလားတူ စာတမ်းဖတ်ပွဲတွင် စပါး၊ ဂျုံ၊ ဝါ၊ ဆီထွက်သီးနှံ၊ ကြံ၊ ပဲမျိုးစုံသီးနှံများ အထွက်နှုန်းတိုးတက်ပြီး ပန်းတိုင် အထွက်ရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊  GAP  စနစ်တွင် မှတ်တမ်းထားရှိရမည့်  အချက် များ၊    စိုက်ပျိုးနည်းပညာများ၊ မြေဆီလွှာ အာဟာရမြှင့်တင်ရေး     နည်းလမ်းများကို စစ်ကိုင်းတိုင်း ဒေသကြီး ခရိုင်၊  မြို့နယ်များမှ   စိုက်ပျိုးရေး   ကျွမ်းကျင်ဝန်ထမ်း   ၁၅    ဦးက စာတမ်း  ၁၅ စောင်    တင်သွင်း      ဖတ်ကြားခဲ့ကြပြီး       ဆွေးနွေးပွဲ    တက်ရောက်လာကြသူ များ၊ တောင်သူများ၏   သိရှိလို သည့်    မေးမြန်းချက်များကို    ဆွေးနွေး ဖြေကြားခဲ့ကြကြောင်း သိရသည်။                  

သတင်းစဉ်