မုံရွာမြို့နယ်ရှိ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ရကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်  မေ    ၁၄
စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာ မြို့နယ် မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်း ထဲသို့ မေ ၁၃ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီး ဖြင့်  ပစ်ခတ်ခဲ့ကြောင်း၊  အဆိုပါ ပစ်ခတ်မှုကြောင့်  ပြည်သူ တစ်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာ များ    ရရှိခဲ့သည်ဟု   မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်း တု၊ သတင်းအမှားများကို တရား မဝင်    ပြည်ဖျက်မီဒီယာများက ပြည်သူလူထု အထင်အမြင်လွဲမှား စေရန် လူမှုကွန်ရက်စာမျက်နှာ များတွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ ဖြစ်စဉ်အမှန်မှာ အကြမ်းဖက် လုပ်ရပ်များကို    အားပေးလက်ခံ ခြင်းမရှိသည့်   တာဝန်သိပြည်သူ တစ်ဦး၏    သတင်းပေးပို့မှုအရ မိုးညှင်းသမ္ဗုဒ္ဓေကျေးရွာ     အနီး တွင်   အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်     PDF   အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိ နေကြောင်း သိရှိရသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ     အကြမ်းဖက်သမားများ ထိခိုက်     သေဆုံးခဲ့ရကြောင်းနှင့် ပြည်သူများ    ထိခိုက်သေဆုံးမှု မရှိကြောင်း ခိုင်လုံသောသတင်း ပေးပို့မှုများအရ သိရှိရသည်။
အကြမ်းဖက်သမားများသည် တိုက်ပွဲများ  ဖော်ဆောင်ရာတွင် အများပြည်သူ   အသုံးပြုလျက်ရှိ သည့် ဆေးရုံဆေးခန်းများ၊ စာသင် ကျောင်းများနှင့်     ဘာသာရေး အဆောက်အဦများကို     အကာ အကွယ်ယူ    တိုက်ခိုက်ခြင်းများ ပြုလုပ် ဆောင်ရွက်လျက်ရှိသည် ကို  ပြည်သူများအနေဖြင့်လည်း သိရှိပြီးဖြစ်သည်။   ထို့ကြောင့် တရားမဝင် ပြည်ဖျက်မီဒီယာများ မှ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံ ရေးသားထားသည့်  သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ထင်ယောင်ထင်မှား   ဖြစ်စေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်