မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး

 

စစ်ကိုင်း  ဒီဇင်ဘာ  ၁၉


စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးမြတ်ကျော် သည် တိုင်းဒေသကြီးလုံခြုံရေးနှင့်  နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး  ဝင်းတင်စိုး၊  သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့်    တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၉ ရက်    နံနက်ပိုင်းတွင်   မုံရွာမြို့နယ် ထနောင်းတောကျေးရွာ          ဟင်းသီးဟင်းရွက် အထူးဇုန်စိုက်ခင်းသို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ    ဦးစီးမှူးက    စားဖိုဆောင်သီးနှံနှင့် ဟင်းသီးဟင်းရွက်   ၃၁၈ ဧက  စိုက်ပျိုးထားရှိမှုနှင့်  အောင်မြင်ဖြစ်ထွန်းနေမှုများအား       ရှင်းလင်း တင်ပြသည်။

 


ယင်းနောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်က    စားဖိုဆောင်သီးနှံ၊       ဟင်းသီးဟင်းရွက်များ     သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊     စျေးကွက်တွင်   စျေးကောင်းရရှိစေရန်             တာဝန်ရှိသူများနှင့်   ဖြည့်ဆည်းပေါင်းစပ်         ဆောင်ရွက်ပေးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသော   ဟင်းသီးဟင်းရွက် စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။

 


ဆက်လက်၍  တိုင်းဒေသကြီး  ဝန်ကြီးချုပ်သည် ကျွဲရဲကျေးရွာ မုံရွာမြို့ပတ်လမ်းဘေးတွင် စိုက်ပျိုး ထားသော     ဆီထွက်နေကြာ       စံပြစိုက်ခင်းနှင့် ကျောက်စစ်ပုံကျေးရွာ     ကြက်သွန်နီစံပြစိုက်ခင်း များသို့   သွားရောက်၍  ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ  သီးနှံစျေးကွက်များ   တည်ငြိမ်မှုရှိ စေရေး၊  စိုက်ပျိုးရေ  ပြည့်မီစွာရရှိရေးလုပ်ငန်းများနှင့်  ပတ်သက်၍  လိုအပ်သည်များကို   တာဝန်ရှိသူများ နှင့်     ပေါင်းစပ်ဖြည့်ဆည်း     ဆောင်ရွက်ပေးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသော  ဆီထွက်နေကြာ စံပြစိုက်ခင်းနှင့်   ကြက်သွန်နီစံပြစိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပသည့်     ပဲမျိုးစုံသီးနှံပြပွဲသို့      ရောက်ရှိရာ တိုင်းဒေသကြီး   စိုက်ပျိုးရေးဦးစီးဌာနမှ   ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကြည်ဝင်းက ပဲမျိုးစုံသီးနှံစိုက်ပျိုးထားရှိမှုကို     လိုက်လံရှင်းလင်းတင်ပြပြီး  ပဲမျိုးစေ့များနှင့်  ပဲမျိုးစုံသီးနှံဓာတ်မြေသြဇာ ပြခန်း များကို  လှည့်လည်ကြည့်ရှု အားပေးသည်။

 


ဆက်လက်၍ အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ပဲမျိုးစုံသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့်   အရည်အသွေးကောင်းမွန်ရေး  ဆွေးနွေးပွဲသို့ တက်ရောက်ရာ       တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။

 


ယင်းနောက်   တိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီး ဌာနမှ    စျေးကွက်သတင်းအချက်   အလက်စနစ် (Market   Imformation   System)  တာဝန်ခံ ဒေါက်တာတင်မာမာဦးက            ပဲမျိုးစုံသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အခြေခံအချက်အလက် များကို    လည်းကောင်း၊  တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပဲမျိုးစုံသီးနှံအထွက်နှုန်း ကောင်းမွန် ရေးနှင့်   အရည်အသွေးကောင်းမွန်ရေး  ဆောင်ရွက် မည့်အစီအစဉ်များကိုလည်းကောင်း    ရှင်းလင်း တင်ပြကြပြီး   တိုင်းဒေသကြီး   စိုက်ပျိုးရေးညှိနှိုင်းမှု ကော်မတီအဖွဲ့ဝင်များက       မိမိတို့ဌာနများအလိုက် ပဲမျိုးစုံသီးနှံအထွက်နှုန်းကောင်းမွန်ရေးနှင့် အရည် အသွေးကောင်းမွန်ရေး  ဆောင်ရွက်မည့် လုပ်ငန်းများ နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

 


ယင်းနောက်   ခရိုင်/   မြို့နယ်   စိုက်ပျိုးရေးဦးစီး ဌာနမှ  ဦးစီးမှူးများက ခရိုင်/ မြို့ နယ်များအတွင်း ပဲမျိုးစုံသီးနှံ    စိုက်ပျိုးထားရှိမှုနှင့်   ပတ်သက်၍ ရှင်းလင်းတင်ပြပြီး   တိုင်းဒေသကြီး   လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး  ဝင်းတင်စိုးက ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့် အရည် အသွေးကောင်းမွန်ရေးလုပ်ငန်းများနှင့်  ပတ်သက်၍ အကြံပြု  ဆွေးနွေးတင်ပြသည်။

 


ထို့နောက်       တိုင်းဒေသကြီးဝန်ကြီးချုပ်က  ပဲမျိုးစုံသီးနှံအထွက်နှုန်း ကောင်းမွန်ရေးနှင့်  အရည် အသွေးကောင်းမွန်ရေးလုပ်ငန်းများနှင့်  ပတ်သက်၍  အသီးသီးအကြံပြုဆွေးနွေး  တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်     ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးကာ  တောင်သူနည်းပညာ ပေး    ဝန်ထမ်းအဖွဲ့အား    ဂုဏ်ပြုငွေများချီးမြှင့် ပေးအပ်ခဲ့ကြောင်း  သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)