
မုံရွာ မေ ၁၀
အလုပ်သမားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို မေ ၉ ရက်က တိုင်းဒေသကြီး မုံရွာမြို့ လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံ အရာရှိက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်များ ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မုံရွာမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Aventine Co;td (အာမို) မှ အာမခံအလုပ်သမား ဦးဇော်ဇော်အောင်၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုကြောင့် နာရေးစရိတ် ငွေကျပ် ၁၅ သိန်းကို ခွင့်ပြု ထုတ်ပေးခဲ့ပြီးဖြစ်၍ ယခုအခါ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ်သိန်း ၁၅၀ စုစုပေါင်းထုတ်ပေးငွေကျပ် ၁၆၅ သိန်းကို ကျန်ရစ်သူမိသားစုထံသို့ပေးအပ်ရာ မိသားစုဝင်တစ်ဦးက လက်ခံ ယူပြီးနောက် ကျန်ရစ်သူမိသားစုကိုယ်စား Aventine Co;td (အာမို) မုံရွာမြို့မှ ဧရိယာတာဝန်ခံ ဦးမျိုးသီဟကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ခရိုင် (ပြန်/ဆက်)