မုံရွာမြို့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ကြီးများပြိုလဲ နေအိမ်အချို့ပျက်စီးပြီး လမ်းပိတ်ဆို့ဖြစ်ပေါ်မှုကို တာဝန်ရှိသူများ အမြန်ဆုံးရှင်းလင်းပေး

 

 

မုံရွာ   မေ   ၂


စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့ တွင် မေ  ၁  ရက်    ညနေ  ၄  နာရီ မိနစ်     ၂၀   က       လေပြင်း တိုက်ခတ်ပြီး       မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုံရွာမြို့ မြို့ပေါ် ရပ်ကွက် အမှတ် (၁၁) ရပ်ကွက် တွင်  လျှပ်စစ်မီးတိုင်  ၂၆  တိုင် နှင့်  ဆက်သွယ်ရေးတိုင် လေးတိုင် ပြိုလဲပျက်စီးခဲ့ပြီး    ရပ်ကွက်များ အတွင်းရှိ   တမာပင်၊   ကုက္ကိုပင်၊ ထနောင်းပင်၊    မန်ကျည်းပင်နှင့် ယူကလစ်ပင်ကြီးများသည်  လမ်း များနှင့်      လူနေအိမ်များပေါ်သို့ ကျိုးကျခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 

 အလားတူ         မုံရွာမြို့နယ် တောပုကျေးရွာတွင်လည်း  သစ်ပင် များ        ပြိုလဲပြီး      လူနေအိမ် အချို့      ပြိုလဲခြင်းများဖြစ်ခဲ့ပြီး  နေအိမ်   ၆၇   လုံးမှာ    သွပ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း    သိရ သည်။


သစ်ပင်ကြီးများ    လဲကျ၍ လမ်းများ  ပိတ်ဆို့ခြင်း၊   နေအိမ် များပေါ်သို့  ပိခြင်း၊ နေအိမ်အချို့ အမိုးလန်ခြင်းများနှင့် ဓာတ်တိုင် များ ပြိုလဲခြင်းများ ဖြစ်ပွားခဲ့ရာ နေရာများသို့      မုံရွာခရိုင်      စီမံ အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ  ဦးဇော် တင်မိုး၊ မုံရွာမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း နှင့်    တာဝန်ရှိသူများ၊   စည်ပင် သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီး ဌာနတို့မှ တပ်ဖွဲ့ဝင်များက သစ်ပင် များလဲကျ၍  လမ်းများ  ပိတ်ဆို့ နေမှုကို     အချိန်နှင့်တစ်ပြေးညီ   အမြန်ဆုံးသွားရောက်      ရှင်းလင်း ပေးခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှု ကြောင့်    လူနှင့်   တိရစ္ဆာန်များ ထိခိုက်၊      သေဆုံးမှုမရှိကြောင်း သိရသည်။      

ခရိုင် (ပြန်/ဆက်)