
နေပြည်တော် နိုဝင်ဘာ ၂၉
NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ ဆောင်ရွက်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်တွင် မုံရွာ သံမဏိ PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ပတ်သက် ဆက်သွယ်နေသော မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ကျော်ဦး(ခ) ကျော်ကျော်ဦး (၄၇) နှစ်ကို ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၈ ရက်တွင် ချမ်းမြဝတီရပ်ကွက်၊ “အားသစ်” တည်းခိုခန်း၊ အခန်းအမှတ်(၃၀၁)၌ အောင်ကျော်ဇင် (၂၇)နှစ်၊ ဝေဖြိုးကျော်(ခ)အသေးလေး (၂၅) နှစ်၊ ဟိန်းထက်ဝင်း (၂၀) နှစ်နှင့် ဝင်းကို(၁၉) နှစ်တို့လေးဦးကို ဖမ်းဆီးရမိခဲ့သည်။
တရားခံ ဝေဖြိုးကျော်(ခ)အသေးလေး ၏ ထွက်ဆိုချက်အရ မုံရွာမြို့ အက်တော ရပ်ကွက်နေ မောင်တိုး(ခ) ရန်အောင်တိုး (၃၂)နှစ် နေအိမ်အား လုံခြုံရေးပူးပေါင်း အဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် အနောက်ဘက် မြေကြီးအတွင်း ပီနံအိတ် ဖြင့် ထုပ်ထားသော လက်လုပ်ရီမုဒ်မိုင်း ၁၀ လုံး၊ ယမ်းမှုန့်များနှင့်အတူ တရားခံ မောင်တိုး(ခ) ရန်အောင်တိုးကို ဖမ်းဆီးရမိ ခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်များအရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် မုံရွာမြို့ ရတနာပုံရပ်ကွက် ကြက်မွေးမြူရေးဇုန် တွင် ရဲထက်ငြိမ်း (၂၉)နှစ်၊ ကောင်းမြတ်ဖေ (၂၇)နှစ်၊ ဇင်မောင် (၂၀)နှစ်တို့ သုံးဦးကို ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ဗုံးသီး ၁၄ လုံး၊ AK 47 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၇ ဒသမ ၆၂ ကျည် ၁၀၀ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ လက်လုပ်သေနတ်အတို ၅ လက်၊ ပြုလုပ်ဆဲ လက်လုပ်သေနတ်အတို ၂ လက်၊ စစ်ချပ်ဝတ် ၂ စုံ၊ မှန်ပြောင်း ၁ လက်၊ အမိုနီယမ်နိုက်ထရိတ် ၁ ပိဿာ ခန့် ၂ ထုပ်၊ ဒီတိုနေတာ ၃ ဘူး၊ ဘက်ထရီ ထည့်ဘူး (အသေး) ၁၂ ဘူး၊ လက်လုပ် သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် စပရိန် ၁၀ ခု၊ လက်လုပ်သေနတ်ပြုလုပ် သည့် သံပြား ၇ ပြား၊ လက်လုပ်ကျည်ခွံ ၁၅ ခု၊ လက်လုပ်ပစ္စတိုပြုလုပ်ရန် ပြောင်းမျိုးစုံ ၁၆ ခု၊ ယမ်းမှုန့် ၃၀ ကျပ်သား ခန့် ၁ ထုပ်၊ လက်လုပ်သေနတ်ပြောင်း ၁ ခု၊ Acer အမျိုးအစား Laptop ၁ လုံး၊ ဆားကစ်ဘောက် ၂ ခု၊ ရီမုဒ် Control ၃ ခုတို့နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၉ ဦးကို ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ AK 47 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၇ လက်၊ ကျည်အိမ် ၂ ခု၊ ၇ ဒသမ ၆၂ ကျည် ၁၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ လက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်မိုင်း ၁၂ လုံး၊ မှန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ် ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ဝေဖြိုးကျော်(ခ) အသေးလေး ထွက်ဆိုချက်အရ ၎င်းသည် ဖမ်းဆီးရန် ကျန် တရားခံ ဟိန်းသော်တာ၏ချိတ်ဆက် ပေးမှုဖြင့် ဧပြီ ၇ ရက်မှ ၂၃ ရက်အထိ အောင်ကျော်ဇင်၊ ဝင်းကို ဖမ်းဆီးရန် ကျန် တရားခံများဖြစ်ကြသော ဖြိုးကိုကို၊ အောင်မြင့်မြတ်၊ ရှည်ကြီး၊ ရန်မျိုး၊ ရာဇာစိုး၊ ဒိုင်းမွန်ထွေး၊ ဖြိုးသူ၊ သီဟကျော်၊ ငစိုင်း၊ ပြားကြီး၊ စုတ်ဖွားတို့နှင့်အတူ ကသာ မြို့နယ် မှတ်တိုင်ကျေးရွာမှတစ်ဆင့် KIA တပ်မဟာ (၈) နယ်မြေသို့ သွားရောက်၍ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီး နောက် ယင်းမာပင်မြို့နယ် ဘူးလှည်း ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းသို့ သွားရောက်၍ ဖမ်းဆီးရန် ကျန်တရားခံ ဇော်မျိုးအောင်(ခ)သံမဏိ ခေါင်းဆောင်၍ မုံရွာ သံမဏိ PDF အကြမ်းဖက်အဖွဲ့တွင် အောင်ကျော်ဇင်နှင့်အတူ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ရဲထက်ငြိမ်း၏ ထွက်ဆို ချက်အရ အောက်တိုဘာ ၁၇ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ လှိုင်မျိုးက လက်နက်/ ခဲယမ်းများအား ၎င်း၏ ကြက်ခြံတွင် လာရောက်သိမ်းဆည်းထား ခြင်းဖြစ်ပြီး ယင်းမာပင်မြို့နယ် ဘူးလှည်း ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်း သို့ ပို့ဆောင်ရမည့် ပစ္စည်းများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
မုံရွာ သံမဏိ PDF အမည်ခံအကြမ်း ဖက်အဖွဲ့၏ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ အနေဖြင့်-
ဩဂုတ် ၁၆ ရက်တွင် ဝေဖြိုးကျော်(ခ) အသေးလေး နှင့် သက်ဦးမောင်(ခ) ငသက်တို့သည် ဆိုင်ကယ်ဖြင့် ရုံးကြီး ရပ်ကွက် မြို့နယ်အကောက်ခွန်ဦးစီး ဌာနရုံး ဝန်ထမ်းအိမ်ရာသို့ လက်လုပ် မိုင်း ၁ လုံးဖြင့် လည်းကောင်း။
စက်တင်ဘာ ၁၃ ရက်တွင် ဝေဖြိုး ကျော်(ခ)အသေးလေးနှင့် ဟိန်းထက် ဝင်းအပါအဝင် ၈ ဦးတို့သည် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်း အနီးရှိ Mytel တာဝါတိုင်အား လက် လုပ်မိုင်း ၄ လုံးဖြင့် လည်းကောင်း။
စက်တင်ဘာ ၁၅ ရက်တွင် အောင် ကျော်ဇင်နှင့် ဇော်ထက်အောင်တို့ သည် မုံရွာမြို့ မြဝတီရပ်ကွက် Mytel ရုံး ဆက်သွယ်ရေးရုံးရှေ့၌ လက်လုပ် မိုင်း ၁ လုံးဖြင့် လည်းကောင်း။
စက်တင်ဘာ ၁၆ ရက်တွင် အောင်ကျော်ဇင်၊ ဇော်ထက်အောင်နှင့် အောင်မြင့်မြတ်တို့သည် မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် မြန်မာဘီယာရုံး ရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်း ကောင်း။
နိုဝင်ဘာ ၁၃ ရက်တွင် ဝေဖြိုးကျော် (ခ) အသေးလေးသည် အောင်ကျော် ဇင်၊ ဟိန်းထက်ဝင်းတို့နှင့်အတူ မုံရွာ- ကျောက်ကာလမ်း တိုင်းရင်းဆေးရုံ အနီးရှိ ‘‘ခရေဆောင်’’ အတွင်းသို့ လက်လုပ်မိုင်း ၂ လုံးဖြင့် လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
မုံရွာ သံမဏိ PDF အမည်ခံအကြမ်း ဖက်အဖွဲ့၏ အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ကျူးလွန်မှုများ အနေ ဖြင့် -
စက်တင်ဘာ ၂၂ ရက်တွင် တရားခံ ဇော်ထက်အောင်နှင့် ငပုတ်တို့သည် မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ထန်းတောမီးပွိုင့်တွင် တာဝန်ထမ်း ဆောင်နေသော ယာဉ်ထိန်းရဲအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။
စက်တင်ဘာ ၂၃ ရက်တွင် တရားခံ ဇော်ထက်အောင်နှင့် ငပုတ်တို့သည် မုံရွာမြို့ မြဝတီရပ်ကွက် Mytel ရုံးရှေ့ လုံခြုံရေးတာဝန် ထမ်းဆောင်နေ သော တပ်ဖွဲ့ဝင် ၁ ဦးကို လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။
အောက်တိုဘာ ၂၀ ရက်တွင် အောင်ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ငစိုင်း၊ စုတ်ဖွား၊ ပြားကြီး တို့သည် မုံရွာမြို့ နန္ဒာဝန်ရပ်ကွက် ပုဏ္ဏမီလမ်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦး ကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်း။
အောက်တိုဘာ ၂၄ ရက်တွင် အောင်ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ဇော်မျိုးအောင်(ခ) သံမဏိ၊ ငစိုင်း၊ စုတ်ဖွားတို့သည် မအူကျေးရွာ ရှိ အပြစ်မဲ့ပြည်သူ ၁ ဦးကို လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။
အောက်တိုဘာ ၂၆ ရက်တွင် ဇော်ထက်အောင်၊ ငပုတ်နှင့် တောက် တီးတို့သည် စက်မှုဇုန်ရပ်ကွက် အတွင်းရှိ (၈၁)ကာရာအိုကေဆိုင် ရှေ့၌ အပြစ်မဲ့ပြည်သူ ၂ ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင် ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထား ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်းစဉ်