မုံရွာ သူနာပြု - သားဖွားသင်တန်းကျောင်း အပတ်စဉ် ၂၉ သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်း သင်တန်းသား သင်တန်းသူများ ကြိုဆိုပွဲကျင်းပ

 

မုံရွာ    ဧပြီ    ၂၁
စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာမြို့   မုံရွာသူနာပြု-သားဖွားသင်တန်းကျောင်း အပတ်စဉ် ၂၉ သူနာပြု-သားဖွား  ဒီပလိုမာ သုံးနှစ်သင်တန်း သင်တန်းသား၊ သင်တန်းသူများ ကြိုဆိုပွဲအခမ်းအနားကို  ဧပြီ ၂၁  ရက်   နံနက်ပိုင်းတွင်  မုံရွာမြို့  သူနာပြု-သားဖွား  သင်တန်းကျောင်း ငါးထပ်ဆောင်ခန်းမ၌  ကျင်းပ ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် သည်။
ရှေးဦးစွာ      တိုင်းဒေသကြီး     ဝန်ကြီးချုပ်က  ပြည်သူအားလုံး       ကျန်းမာကြံ့ခိုင်ရေးအတွက်   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်  ရာတွင်   သူနာပြု - သားဖွားများ၏   အခန်းကဏ္ဍ သည်   အလွန်ပင်အရေးကြီးပါကြောင်း၊   ပြည်သူ့ အကျိုးပြုသူနာပြုကောင်းများဖြစ်အောင်    ယခု အချိန်မှစ၍ သင်ခန်းစာများအား  စာတွေ့လက်တွေ့  စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားကြရန်လိုအပ် ပါကြောင်း၊  နိုင်ငံတော်နှင့်   မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း သင်တန်းသား၊  သင်တန်း သူများ စိတ်အေးချမ်းသာစွာ  ပညာသင်ကြားခွင့် ရရှိအောင်လိုအပ်သည့်   ပံ့ပိုးမှုများအား   စဉ်ဆက် မပြတ်     ကူညီပံ့ပိုးပေးသွားမည်    ဖြစ်ကြောင်း  ပြောကြားသည်။    
ယင်းနောက်  တိုင်းဒေသကြီး   ဝန်ကြီးချုပ်က သင်တန်းသား၊    သင်တန်းသူ   ၅၇  ဦးအတွက် တစ်ဦးလျှင်   ငါးသောင်းကျပ်နှုန်းဖြင့်  ငွေကျပ် ၂၈၅၀၀၀၀   အား      ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ပြီး(ယာပုံ) ကျောင်းအုပ်ဆရာမကြီး  ဒေါ်ဆုဆုထိုက်က     ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်ပြီး       မုံရွာ       သူနာပြု-သားဖွား သင်တန်းကျောင်းမှ   သင်တန်းသား၊    သင်တန်းသူ  များက    တေးသီချင်းများဖြင့်  ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အကအဖွဲ့များအတွက် ငွေကျပ် ငါးသိန်းအား ပေးအပ်  ချီးမြှင့်ကာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ပထမနှစ်သင်တန်းသူတစ်ဦးက   လက်ခံရယူပြီး ကျေးဇူးတင်စကား   ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)