မုဒုံမြို့နယ်၌ ဒေသထွက် ရော်ဘာအစေးခံမြေစဉ့်ခွက်များကို မိရိုးဖလာလုပ်ငန်းအဖြစ် စဉ်ဆက်မပြတ်လုပ်ကိုင်လျက်ရှိ

 

မုဒုံ    နိုဝင်ဘာ    ၁


မွန်ပြည်နယ်  မုဒုံမြို့နယ်  နိုင်လှုံကျေးရွာ၌ မွန်ရိုးရာလက်မှုပညာ မိရိုးဖလာလုပ်ငန်းတစ်ခု ဖြစ်သည့်  ရော်ဘာအစေးခံ မြေစဉ့်ခွက်များကို  စဉ်ဆက်မပြတ် လုပ်ကိုင်လျက်ရှိကြောင်း သိရ သည်။

 


ရော်ဘာအစေးခံစဉ့်ခွက်ကို  မြေထည်ဖြင့် အဓိကလုပ်ကိုင်ရပြီး  ကုန်ကြမ်းရွှံ့မြေကြီးကို ကျေးရွာများတွင်ရှိသည့်     ကန်အဟောင်းမှ ရရှိကြောင်း၊ ရွှံ့မြေကြီးများကို    အခြောက် လှန်းကာ စက်ဖြင့်ကြိတ်ရပြီး ထွက်ရှိလာသည့်  ရွှံ့မြေကြီးအမှုန့်များကို  ရေထည့်ထားသည့် ကန်အတွင်း၌   စိမ်ထားရကြောင်း၊   ယင်း စိမ်ထားသည့် ရွှံ့မြေကြီးများကို နင်း၍ ပြုလုပ် သူများက လက်ဖြင့်သာပုံဖော်ပြီး  ထွက်ရှိလာ သော မြေခွက်များကို နေလှန်းထားရကြောင်း၊ နေလှန်းပြီး   မြေခွက်များ   အကြမ်းခံမာကြော စေရန်အတွက် ခုနစ်နာရီကြာ မီးဖုတ်ဖိုဖြင့်  မီးဖုတ်ပေးရကြောင်း၊     မြေခွက်ပုံဖော်ပြီး  ရောင်းတမ်းဝင်  စဉ့်ခွက်များ    ဖြစ်သည်အထိ နှစ်ရက်ကြာပြုလုပ်ရကာ  လုပ်သားတစ်ဦးလျှင် အိုးထိန်းစက်ဖြင့်   တစ်ရက်ကို   မြေစဉ့်ခွက် ပုံကြမ်းအလုံး ၃၀၀ ကျော်ရရှိကြောင်း နိုင်လှုံ ကျေးရွာ အရှေ့ပိုင်းနေ ၄၅ နှစ်ကြာ မြေအိုး စဉ့်ခွက်ပန်းအိုး ပြုလုပ်သူ ဦးငွေဝင်းထံမှ သိရ သည်။

 


ရော်ဘာအစေးခံ  မြေစဉ့်ခွက်များသည် အခြားပလတ်စတစ်      ကော်ခွက်များထက် စျေးကြီးသော်လည်း      ရေရှည်ခိုင်မာပြီး   ကော်စေးများ မကပ်ခြင်း ၊  ရော်ဘာစေးများကို လွယ်ကူစွာ ခွာယူရရှိခြင်းကြောင့် မြေစဉ့်ခွက် များကို   နောက်ပိုင်းတွင်     ပြန်လည်ပိုမိုအသုံး ပြုလာကြကြောင်း     ရော်ဘာစိုက်ပျိုးရေးခြံ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက   ပြောသည်။

 


အဆိုပါ မြေစဉ့်ခွက်များသည် ယခင်နှစ်က တစ်လုံးလျှင် ငွေကျပ် ၁၂၀ သာ ရရှိပြီး ယခုနှစ် တွင်ငွေကျပ် ၂၅၀ ရရှိလာကာ   ရော်ဘာအစေး စထွက်ချိန်ရာသီတွင်      အရောင်းအဝယ် သွက်လာ၍ ပြုလုပ်ရောင်းချသူများ    အဆင် ပြေလျက်ရှိကြောင်း သိရသည်။


သားငယ် (ပြန်/ဆက်)