မုဒုံမြို့နယ် တရားရုံးအဆောက်အဦသစ်ကို တရားရုံးအင်္ဂါရပ်များ၊ နည်းပညာဆိုင်ရာ အထောက်အပံ့များနှင့်အညီ တင့်တယ်ထည်ဝါစွာ ဖွင့်လှစ်

မော်လမြိုင်   ဇွန်   ၂၉
မုဒုံမြို့နယ်တရားရုံး   အဆောက် အဦသစ်    ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက         အဆိုပါ  ရုံးရှေ့၌     ကျင်းပရာ   မွန်ပြည်နယ် ဝန်ကြီးချုပ်        ဦးအောင်ကြည်သိန်း တက်ရောက်၍         ဖွင့်လှစ်ပေး သည်။  
ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊    တရား လွှတ်တော်      တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး      ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့က  မုဒုံမြို့နယ် တရားရုံး အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်            ဖွင့်လှစ်ပေးပြီး အဆောက်အဦ   ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်       ဖွင့်လှစ်ပေးပြီး  ကမ္ပည်းမော်ကွန်းကို      အမွှေး နံ့သာရည်များ   ပက်ဖျန်းပေးကြ သည်။
ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်က နိုင်ငံတော်တွင် မဏ္ဍိုင်ကြီး (၃) ရပ်   ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်  တရားစီရင်ရေး ကဏ္ဍများကို  ဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာရှိစွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊ အရည်အချင်း ပြည့်မီသော တရားရေးအရာရှိများ ကို လုံလောက်စွာ  ခန့်အပ်တာဝန် ပေးအပ်နိုင်စေရန်၊    မုဒုံမြို့နယ် တရားရုံး   အဆောက်အဦသစ်ကို တရားရုံးအင်္ဂါရပ်များ၊ နည်းပညာ ဆိုင်ရာ   အထောက်အပံ့များနှင့် အညီ      တင့်တယ်ထည်ဝါစွာဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အဆောက်အဦကို ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်       ထိန်းသိမ်း ပြုပြင်ခြင်းနှင့် ရုံးသန့်ရှင်းသာယာ ရေးအတွက်    ဆောင်ရွက်ကြရန်၊ အမှုများကို ဥပဒေနှင့်အညီ မှန်မှန် နှင့်မြန်မြန်      စစ်ဆေးစီရင်၍ ပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်   ဖြစ်ပေါ်စေ ရေးအတွက်    အားသွန်ခွန်စိုက်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက်     ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က  မုဒုံမြို့နယ် တရားရုံးအဆောက် အဦသစ်     ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းကို ပြည်နယ် ဝန်ကြီးချုပ်ထံသို့      ပေးအပ်ပြီး တရားရုံး အဆောက်အဦသစ်နှင့် ပတ်သက်သည့်  စာရွက်စာတမ်း များကို    Mawlamyine   King Co.,Ltd.        ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာက ပြည်နယ် တရားရေး ဦးစီးမှူးထံ   လွှဲပြောင်းပေးအပ်ပြီး တရားရုံး      အဆောက်အဦသစ် ကို     လှည့်လည်ကြည့်ရှုစစ်ဆေး ကြောင်း သိရသည်။ 
သက်နိုင်(မော်လမြိုင်)