မုဒုံမြို့နယ် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်၌ ဆီမီး ၁၀၀၀ ကပ်လှူထွန်းညှိပူဇော်

 

မုဒုံ    အောက်တိုဘာ   ၂၁


မွန်ပြည်နယ် မုဒုံမြို့နယ်၌ မြန်မာသက္ကရာဇ်  ၁၃၈၃ ခုနှစ်   သီတင်းကျွတ်လပြည့်နေ့ ညနေ ၆ နာရီက သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်အား  ဆီမီး ၁၀၀၀ ကပ်လှူထွန်းညှိပူဇော်ပွဲကို အဆိုပါ စေတီရင်ပြင်၌ ကျင်းပသည်။

 


ရှေးဦးစွာ  နမောတဿ သုံးကြိမ် ဘုရားရှိခိုးပြီး မြို့နယ်အတွင်း သြဝါဒါစရိယ ဆရာ တော်ကြီး ၁၃ ပါးထံမှ သီလတော်မြတ်အား  ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာ တော်ကြီးများနှင့်အတူ မုဒုံမြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်၊  ကန်ကြီး စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့သူ မြို့သားများက ပန်း၊ ရေချမ်း၊   ဆီမီးများ ကပ်လှူပူဇော်သည်။

 


မီးပုံးပျံများ လွှတ်တင်ပူဇော်


ဆက်လက်၍   သက်ဆိုင်ရာတာဝန်ရှိသူများ၊  မြို့သူမြို့သားများက ဆရာတော်ကြီး များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး    မြန်မာ့ရိုးရာအစဉ်အလာအရ မီးပုံးပျံ များ လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရသည်။                      

အောင်မျိုးသူ (ပြန်/ဆက်)