မုဒုံမြို့၌ (၉၅) ကြိမ်မြောက် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်

 

မုဒုံ   နိုဝင်ဘာ  ၁၇


မွန်ပြည်နယ်  မုဒုံမြို့နယ်၏ ကျက်သရေဆောင်   သမိုင်းဝင်ဆံတော်ရှင်   ကန်ကြီးစေတီတော် မြတ်ကြီး၌  ရှေးအစဉ်အလာမပျက်  နှစ်စဉ် ကျင်းပမြဲဖြစ်သော  မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကို   ယနေ့   နံနက်  ၆  နာရီမှ    စတင် ကာ   စေတီတော်အတွင်း   ရက်လုပ်လျက်ရှိသည်။

 


အဆိုပါ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို မုဒုံမြို့နေ  ဦးကျော်ကျော်ဦး၊ ဇနီးဒေါ်ကြည် ကြည်ဋ္ဌေး(ရူပါမွန်) မိသားစုက   ရက်ကန်းစင်​​ လေးစင် ခန့်မှန်းကုန်ကျငွေကျပ်  ၂၅ သိန်းဖြင့် ရက်လုပ်လှူဒါန်းပူဇော်သွားမည်ဖြစ်ရာ  ယနေ့ ည ၆ နာရီတွင်   မြို့နယ်အတွင်းရှိ  ကန်ကြီး စေတီတော်၊          ကန်ကလေးစေတီတော်၊ သ​​ဘောင်ဦးစေတီတော်၊  ကျိုက်ကမော့လေးတောင်ပေါ်စေတီတော်၊ ဆုတောင်းပြည့်စေတီ တော်နှင့် ဘင်လှိုင်စေတီတော်ဘုရားတို့တွင်  ဆက်ကပ်ပူဇော်သွားမည်ဖြစ်သည်။

 


မုဒုံမြို့နယ်တွင် ရှေးနှစ်များ၌ မသိုးသင်္ကန်း ရက်ကန်းရက်ပြိုင်ပွဲကို   တန်ဆောင်မုန်းလ ဆန်း ၁၄ ရက်နေ့ည  ဆုတောင်းပြည့်စေတီ  တော်ရှေ့တွင် ရပ်ကွက်/ကျေးရွာများ ကိုယ်စား ပြု အသင်းအဖွဲ့တို့က  စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း  ကိုဗစ်- ၁၉  ရောဂါ အခြေအနေများကြောင့် ကျင်းပခြင်း မရှိသည် မှာ နှစ်နှစ်တိုင်တိုင် ရှိပြီးဖြစ်ကြောင်း၊ ယခုနှစ် တွင်    သြဝါဒါစရိယဆရာတော်ကြီးများ၏ မိန့်ကြားမှု၊   အလှူရှင်များ၏  လှူဒါန်းမှုတို့ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊  ဘုရားဖူးဧည့်သည် တော်  ပြည်သူများအနေဖြင့်လည်း ကန်ကြီး စေတီတော် ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် နေ့စဉ် နံနက် ၅ နာရီမှ ည ၈ နာရီအထိ  ကိုဗစ်-၁၉ ရောဂါ    ကြိုတင်ကာကွယ်ရေး  စည်းကမ်း အချက်များနှင့်အညီ    ဖွင့်လှစ်ပေးမည်ဖြစ် ကြောင်း ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။


အောင်မျိုးသူ(ပြန်/ဆက်)