
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေးရပြီးစကာလမှာ လွတ်လပ်ရေးကို ကြိုးပမ်းခဲ့ကြတဲ့ အင်အားစုတော်တော်များများဟာ လက်ဝဲယိမ်းသူတွေများပါတယ်။ ဒါ့ကြောင့် ဒီအဖွဲ့တွေကြား မတူတာတွေကို ဘေးဖယ်၊ တူညီတဲ့ကိစ္စတွေကို စုပေါင်းပြီး ပြည်တွင်းညီညွတ်မှုရစေဖို့၊ ဒီကမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးရစေဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)