
မတ္တရာ နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၄ ရက်က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာ များရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ဆောင်ရွက်သည်။
မတ္တရာမြို့နယ်တွင် နိုဝင်ဘာ ၁၄ ရက်အထိ ပြည်သူ ၅၃၄၁၉ ဦး အား ပထမအကြိမ် နှင့် ၃၄၄၉၄ ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံပေးပြီးကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)