နေပြည်တော် နိုဝင်ဘာ ၁၁
မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲ များ၊ တာဝန်ရှိသူများ၊ နည်းပြများ၊ ဝန်ကြီးဌာနများမှ သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက သုံးပတ်ကြာ ဖွင့်လှစ် ခဲ့သည့် သင်တန်းတွင် စာတွေ့ လက်တွေ့ သင်ယူလေ့လာခဲ့ကြရ သည့်အတွက် မီဒီယာကဏ္ဍ၏ အရေးကြီးပုံ၊ အရေးပါပုံနှင့် နက်နဲ မှုတို့ကို သိမြင်နားလည်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ခေတ် တွင် မီဒီယာကဏ္ဍသည် နည်း ပညာတိုးတက်မှုနှင့်အတူ အရှိန် အဟုန်ဖြင့် ပြောင်းလဲလျက်ရှိရာ အထူးအားဖြင့် လူမှုမီဒီယာများ တွင် သတင်းစီးဆင်းမှု မြန်ဆန် လျင်မြန်လွန်းသည့် အတွက် ပြည်သူများ သိသင့်သိထိုက်သည့် မိမိတို့ ဌာန၊ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို လွှမ်းခြုံ အသိပေးနိုင်အောင် ကြိုးစားကြရ မည်ဖြစ်ကြောင်း။
တိကျ၊ မှန်ကန်၊ မြန်ဆန်တင်ပြရန်
ထိုသို့ ပြည်သူ့ထံ အသိပေး တင်ပြရာတွင် တိကျ၊ မှန်ကန်၊ မြန်ဆန်စွာ တင်ပြအသိပေးနိုင်ရန် အရေးကြီးသည့်အပြင် ပုံနှိပ် မီဒီယာကဏ္ဍတွင် တင်ပြအသိပေး မည့် သတင်း၊ သတင်းဓာတ်ပုံ၊ ဆောင်းပါးများသည် အရည် အသွေးကောင်းမွန်ရမည် ဖြစ် ကြောင်း၊ ထို့အတူ အရုပ်/အသံ များဖြင့် တင်ပြအသိပေးရာတွင် အရုပ်/အသံ အရည်အသွေး ပြည့်မီရမည်ဖြစ်ကြောင်း၊ ထို့ အပြင် မီဒီယာအခန်းကဏ္ဍမှ တစ်ဆင့် ပြည်သူ့အတွက် တင်ပြ ဆောင်ရွက်ခဲ့မှုများကို မှတ်တမ်း များအဖြစ် စနစ်တကျထားရှိ ဆောင်ရွက်နိုင်အောင် ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း။
မီဒီယာကဏ္ဍသည် နက်နဲ ကျယ်ပြန့်ကြောင်း၊ ယခုအချိန် တွင် ကျင့်ဝတ်သိက္ခာမဲ့သည့် မီဒီယာများသည် မီဒီယာကို အသုံးချ၍ သတင်းတု၊ သတင်း အမှားများကို ဖြန့်ဝေကာ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်မှု များ ရှိနေကြောင်း၊ သတင်းတု၊ သတင်းအမှား များကြောင့် ပြည်သူများ စိတ်နှလုံးညှိုးနွမ်းပြီး လုံခြုံမှု မရှိဟု ခံစားရစေရန် ရည်ရွယ် ဆောင်ရွက်မှုများကို အမှန်တရားဖြင့် အသိဉာဏ် ဖွင့်ပေးနိုင်ရန် လိုအပ်ကြောင်း။
ထိုသို့ သတင်းမှန်များကို ပြည်သူ့ထံ တင်ပြရာတွင် ထိရောက်သည့် သတင်းစာသား၊ သတင်းဓာတ်ပုံနှင့် အရုပ်/အသံ များကို တိကျ၊ မှန်ကန်၊ မြန်ဆန်စွာ ဖြင့် ပေါ်လွင်အောင် တင်ပြသွား ကြရမည်ဖြစ်သည့်အတွက် ယနေ့ သင်တန်းမှ လေ့လာသင်ယူခဲ့ရ သည့် ဗဟုသုတများ၊ ပညာရပ် များ၊ အတွေ့အကြုံများကို အခြေခံ ၍ လက်တွေ့ အသုံးချသွားကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့က ဝန်ကြီး ဌာန တစ်ခုချင်းအလိုက် သင်တန်း သား ကိုယ်စားလှယ်တစ်ဦးစီအား သင်တန်းဆင်းလက်မှတ် ပေးအပ် ခဲ့ပြီး သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။
သင်တန်းသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ အမှုထမ်း၊ အရာထမ်းများ ၄၆ ဦး တက်ရောက်သည်။
ဆောင်ရန် ရှောင်ရန်များပို့ချ
သင်တန်းအမှတ်စဉ် (၂) ကို အောက်တိုဘာ ၂၅ ရက်မှ စတင် ကာ ရက်သတ္တ သုံးပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်း တွင် ကင်မရာ၏ လုပ်ဆောင်ချက် (Function)များ၊ ရိုက်ကူးနည်း အဆင့်ဆင့်၊ သတင်းရိုက်ကူးနည်း၊ မှတ်တမ်းဗီဒီယို ရိုက်ကူးနည်း၊ သတင်းများ တည်းဖြတ်ခြင်း၊ သတင်းရေးသားနည်း အခြေခံ အချက်များ၊ အွန်လိုင်းသတင်း ရေးသားခြင်း အခြေခံနည်းစနစ် များ၊ အွန်လိုင်းသတင်း ရေးသား သူတို့ ဆောင်ရန်ရှောင်ရန်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



