
ရန်ကုန် ဇွန် ၃၀
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) နောက်ဆုံးနေ့ကို ဇွန် ၃၀ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး နိုင်ပွဲဆက်ခဲ့သည်။
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ကွင်းလယ်ကစား သမား မြတ်ကောင်းခန့်၏ တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် နိုင်ပွဲဆက် ခဲ့ပြီး ဇယားထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ရှမ်းယူနိုက် တက်အသင်းသည် ယခုပွဲအနိုင်ရရှိခဲ့သဖြင့် ရှုံးပွဲမရှိစံချိန်မှာလည်း ၄၄ ပွဲ အထိ ရှိလာသည်။
ပွဲအစတွင် မဟာယူနိုက်တက်အသင်းက ဂိုးရနိုင်သည့်အခွင့်အရေး အချို့ရသော်လည်း အသုံးမချနိုင်သဖြင့် နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ၅၅ မိနစ်တွင် မြတ်ကောင်းခန့်က ခေါင်းတိုက် သွင်းယူခဲ့သဖြင့် အနိုင်ဂိုးရရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရှမ်းယူနိုက် တက်အသင်းက အနိုင်ရလဒ်ကိုထိန်းကာ အနိုင်သုံးမှတ်ရယူခဲ့သည်။
ပွဲစဉ် (၁၀) အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၁၀ ပွဲကစား ရမှတ် ၂၈ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်အသင်း က ကိုးပွဲကစား ၂၄ မှတ်၊ အား/ကာသိပ္ပံအသင်းက ကိုးပွဲကစား ၁၇ မှတ်၊ ဟံသာဝတီအသင်းက ၁၀ ပွဲကစား ၁၆ မှတ်၊ ရတနာပုံ၊ ရခိုင်ယူနိုက်တက် နှင့် မြဝတီအသင်းတို့က ၁၀ ပွဲကစား ၁၂ မှတ်စီ၊ ဒဂုံစတားနှင့် မဟာ ယူနိုက်တက်အသင်းက ၁၀ ပွဲကစား ၁၁ မှတ်စီ၊ ကချင်ယူနိုက်တက် အသင်းက ၁၀ ပွဲကစား ကိုးမှတ်၊ ဧရာဝတီအသင်းနှင့် GFA အသင်းက ၁၀ ပွဲကစား ခုနစ်မှတ်စီ ရရှိထားသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL