မသန်စွမ်းကလေးများအတွက် ပိုမိုကောင်းမွန်သော သင်ကြားရေးရလဒ်များရရှိစေရန် လာအိုဆွေးနွေး

ဗီယင်ကျန်း   ဇွန်   ၂၇ 
လာအိုပညာရေးနှင့် အားကစားဝန်ကြီးဌာနက မသန်စွမ်းကလေးများ ပိုမိုကောင်းမွန်သော     သင်ကြားရေးရလဒ်များ    ရရှိစေရန်အတွက် သင်ကြားရေးနည်းလမ်းများ  အဆင့်မြှင့်တင်ရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပခဲ့သည်။ 
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို   ဇွန်  ၂၃  ရက်မှ  ၂၉   ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း လာအိုပညာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ဇွန် ၂၇ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြလိုက်သည်။ ဆွေးနွေးပွဲ သည် မသန်စွမ်းကလေးများအတွက် ပညာရေးသင်ယူနိုင်မှု ကွာဟချက် လျော့နည်းစေရန် အမျိုးသားပညာရေးမူဝါဒများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး     အစီအစဉ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ 
ဆွေးနွေးပွဲပြီးဆုံးပါက   သင်တန်းသားများသည်   ဘက်စုံစွမ်းရည် ပြည့်ဝသော      ပညာရေးပတ်ဝန်းကျင်ဖွံ့ဖြိုးအောင်   အကောင်းဆုံး လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။  ယခုဆွေးနွေးပွဲသည်   မသန်စွမ်း ကလေးများအတွက် ပညာရေးရလဒ်ကောင်းများကို တိုးတက်စေမည် ဖြစ်သည်။                            ဆင်ဟွာ