MSME ထုတ်ကုန် အရောင်းပြခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ   ၆ 


အသေးစား၊  အငယ်စားနှင့်  အလတ်စားစီးပွားရေး လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်   MSME ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ပိုမိုကျယ်ပြန့်စွာ ရရှိလာစေရန်နှင့်   Digital   စနစ်တွင်    လိုက်ပါ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ “E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရား လမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ အသေးစား၊ အငယ် စားနှင့်   အလတ်စားစီးပွားရေးလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။       


အခမ်းအနားသို့   အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီ  ဒုတိယဥက္ကဋ္ဌ၊   စက်မှုဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး   ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး     အေဂျင်စီနာယက၊    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်   ဦးစိုးသိန်း၊  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊   ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့်    ညီနောင်အသင်းများ မှ  တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ 
ဦးစွာ      ပြည်ထောင်စုဝန်ကြီးနှင့်      ရန်ကုန် တိုင်းဒေသကြီအစိုးရအဖွဲ့    ဝန်ကြီးချုပ်တို့သည် E-Market  Platform  ပေါ်ရှိ    MSME  ထုတ်ကုန် အရောင်းပြခန်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး MSME ထုတ်ကုန်အရောင်းပြခန်းများကို လှည့်လည် ကြည့်ရှုသည်။


ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို MSME Center  ရှိ    မြေညီထပ်ခန်းမ၌   ကျင်းပရာ    ပြည်ထောင်စုဝန်ကြီးက   “E-Market  Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်း” တွင် ပြသ ရောင်းချမည့်ထုတ်ကုန်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းများကို  အခြေခံပြီး  ထုတ်လုပ်ထားသော MSME ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း ပြသ ရောင်းချရာနေရာ၊      စျေးကွက်ချိတ်ဆက်ပေးရာ Platform တစ်ခုဖြစ်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်ပေး နိုင်မှုနှင့်လည်း ပတ်သက်ဆက်နွှယ်နေသည့်အတွက် အဖိုးတန်အနှစ်သာရများနှင့်      ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်ကြောင်း။  

MSME ထုတ်ကုန်ပြခန်းတွင် ပါဝင်ပြသရောင်းချ သည့် MSME ထုတ်ကုန်များအားလုံးသည် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတို့မှ MSME လုပ်ငန်းရှင် များက ကိုယ်တိုင်တိုက်ရိုက်ချိတ်ဆက်ပေးပို့၍ ပါဝင် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ လက်လီလက်ကား ဝယ်ယူလိုသူများနှင့် တစ်ဆင့်ပြန်လည်ရောင်းချလို သူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့မှ ပင်ရင်းဆိုင်များအထိ တကူးတက အချိန်ကုန်၊ ငွေကုန် ခံ၍ သွားရောက်ဝယ်ယူစရာမလိုဘဲ ယခုဖွင့်လှစ်သည့် MSME ထုတ်ကုန်ပြခန်းတွင် အဆင်ပြေချောမွေ့ပြီး ယုံကြည်စိတ်ချစွာဖြင့်   လာရောက်ရွေးချယ်ဝယ်ယူနိုင်ကြောင်း၊ ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည်လည်း ပင်ရင်းဆိုင်များနှင့်     ကွာခြားမှုမရှိဘဲ     လက်လီ လက်ကားဈေးများသည်လည်း    ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း၊      ပြည်ပနိုင်ငံများမှ      လာရောက် လည်ပတ်သည့်      ဧည့်သည်များအနေဖြင့်      မြန်မာ့ ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း၊ တစ်နေရာ တည်းတွင်    ကြည့်ရှုလေ့လာခွင့်ရရှိစေပြီး    အရည် အသွေးနှင့်  ထုပ်ပိုးမှုကောင်းမွန်လှပသည့်  မြန်မာ့ MSME ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ရောက်ရှိစေရန်အတွက်      အစပြုသည့်      ခြေလှမ်း တစ်လှမ်းဖြစ်ကြောင်း၊       နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက်     အထူးအလေးပေးဆောင်ရွက်နေသည့် MSME ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင် နိုင်ခြင်းအားဖြင့်  နိုင်ငံ့စီးပွားကို မြှင့်တင်နိုင်ကြပါစေ ကြောင်း ပြောကြားသည်။ 


ယခုဖွင့်လှစ်သည့်    MSME   ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းတွင် ပြည်တွင်းလုပ်ငန်းရှင် ၁၇၁ ဦး မှ   ထုတ်လုပ်သော  ထုတ်ကုန်ပစ္စည်း ၉၀၆ မျိုးကို ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်လေ့လာကြည့်ရှု       ဝယ်ယူနိုင်ကြောင်း သိရသည်။


ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ     ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး ဆေးပြားနှင့်ဆေးတောင့် ထုတ်လုပ်ရေး အလုပ်ရုံ၌ ဆေးပြားနှင့် ဆေးတောင့်များ ထုတ်လုပ် နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။  


ထို့နောက်  စက်ရုံအစည်းအဝေးခန်းမ၌  အရာ ထမ်းများနှင့်  တွေ့ဆုံ၍   ပြည်ထောင်စုဝန်ကြီးက ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် အများပြည်သူ လိုအပ်သော ဆေးဝါးများကို ထုတ်လုပ်ဖြည့်ဆည်း နေသည့် စက်ရုံဖြစ်၍ လုပ်ငန်းတာဝန်များကို အလေး ထားဆောင်ရွက်ရန်၊      ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက်   စက် ပစ္စည်းများ    ပျက်စီးမှုမရှိစေရေးအတွက်  ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက် ရန်နှင့်  လိုအပ်သော  စက်အရန်ပစ္စည်းများကိုလည်း ကြိုတင်ဖြည့်ဆည်းထားရန်၊       ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စရပ်များကို ဆောင်ရွက်ပေး ရန် မှာကြားသည်။ 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ Agro Future Myanmar Co., Ltd. သို့ ရောက်ရှိပြီး တစ်နာရီလျှင် တစ်ဧက စိုက်ပျိုးနိုင်သည့် ကောက်စိုက် စက်များ ထုတ်လုပ်တပ်ဆင်နေမှုအခြေအနေတို့ကို အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်