MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်ဦးတီထွင်လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ

Type

 

 ကြည်လင်း (SME)

 

စွန့်ဦးတီထွင်မှု မူဝါဒများ


ဖွံ့ဖြိုးပြီးနိုင်ငံများမှ အစိုးရများသည် လူငယ်များနှင့် အမျိုးသမီးများအား စွန့်ဦးတီထွင်မှု  အစီအစဉ်များ တွင် ပါဝင်စေရန် အားပေးဖန်တီးပေးခြင်း၊  လုပ်ငန်း စတင်ခြင်းကို အားပေးသည့် မူဝါဒများဖြင့် လုပ်ငန်း စတင်တည်ထောင်လိုစိတ်ကို          ဆွဲဆောင်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးပြီး ကျွမ်းကျင် မှုနှင့် အတွေ့အကြုံများရရှိနိုင်စေရန် ပံ့ပိုးပေးခြင်း များဆောင်ရွက်၍   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာ ရန်နှင့်     အလုပ်လက်မဲ့နှုန်းကို       ကျဆင်းစေရန် ဆောင်ရွက်ကြပါသည်။

 


စွန့်ဦးတီထွင်သူအဖြစ်  အောင်မြင်ရန်  လူတိုင်း တွင် အခွင့်အရေးရှိသည်ဟု ယုံကြည်သောစိတ်ဖြင့် လုပ်ငန်းများ စတင်လုပ်ကိုင်စေရန်  အားပေးမြှင့်တင် ပေးရမည့် တာဝန်မှာ နိုင်ငံတော်နှင့် အစိုးရအားလုံး ၏   တာဝန်ဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများမှ       အစိုးရများသည်     အမျိုးသမီးများ၊ လူငယ်များအပါအဝင်        အားလုံးသောသူများကို ကိုယ်ပိုင်လုပ်ငန်းမှတစ်ဆင့်  စီးပွားရေးတွင်  ပါဝင် ဆောင်ရွက်နိုင်ပြီး           ဝင်ငွေများဖန်တီးနိုင်စေရန် အတွက်       အားလုံးပါဝင်နိုင်သော      စွန့်ဦးတီထွင်မှု မူဝါဒများ (Inclusive Entrepreneurship Policies) ချမှတ်၍ ပံ့ပိုးကြကြောင်းတွေ့ ရပါသည်။ 

 


မြန်မာနိုင်ငံတွင်   နိုင်ငံတော်အစိုးရက     MSME များ   ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ   (၂၀၁၅)၊    မူဝါဒ (၂၀၁၅) နှင့် နည်းဥပဒေများ (၂၀၁၆) တို့ကို ပြဋ္ဌာန်း ထုတ်ပြန်ကာ  MSME  များ  ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အသစ်များ       ပိုမိုဖန်တီးပေးနိုင်ရန် အတွက်       စက်မှုဝန်ကြီးဌာနက      တာဝန်ခံဝန်ကြီး ဌာနအဖြစ် ဆောင်ရွက်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့်  ပူးပေါင်းပြီး  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ MSME များကို ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးကူညီပေး ခြင်းသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်    အခွင့်အလမ်းအသစ်များ    ဖန်တီး ပေးနိုင်စေရန်အတွက်   ရည်ရွယ်ပါသည်။     ထိုသို့ MSME များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပြီး  အလုပ် လက်မဲ့နှုန်းလျှော့ချသောနည်းဖြင့်      ပံ့ပိုးသကဲ့သို့ လူငယ်များ၊ အမျိုးသမီးများကို စွန့်ဦးတီထွင်လုပ်ငန်း ရှင်များဖြစ်လာစေရန်    မြေတောင်မြှောက်   ပံ့ပိုး ပေးခြင်းနည်းဖြင့်လည်း ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါသည်။

 


 လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရေးတွင်  လိုအပ်သော လူ့စွမ်းအား အရင်း အမြစ်ကိုမြှင့်တင်ပေးရာတွင်     အထောက်အကူပြု လုပ်ငန်းစဉ်အဖြစ်    စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ ခရိုင်များ  အားလုံးတွင် ဖွင့်လှစ်နိုင်ရန်           ဆောင်ရွက်လျက်ရှိကြောင်း ၂၂-၁၀-၂၀၂၂      ရက်က     ပြည်ထောင်စုနယ်မြေ နေပြည်တော်၌  ကျင်းပပြုလုပ်ခဲ့သော အသေးစား၊ အငယ်စားနှင့်   အလတ်စား  စီးပွားရေးလုပ်ငန်းရှင် များနှင့်    တွေ့ဆုံဆွေးနွေးသည့်    အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံ တော်ဝန်ကြီးချုပ်က အသိပေးပြောကြားခဲ့ပါသည်။

 


မီးခဲပြာဖုံး စွန့်ဦးတီထွင်လုပ်ငန်းရှင်များ


နိုင်ငံတကာ၌   လူငယ်နှင့်   အမျိုးသမီးများကို   မီးခဲပြာဖုံးနေသော  (သို့မဟုတ်) ပျောက်ကွယ်နေသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ “Missing Entrepreneurs” များအဖြစ်  တင်စားပြီး  ၎င်းတို့ကို  ပံ့ပိုးပေး နိုင်မည့် မူဝါဒများဖြစ်သည့်  လူငယ်စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊ အမျိုးသမီး စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး   မူဝါဒနှင့်   အားလုံးပါဝင်သော စွန့်ဦးတီထွင်မူဝါဒစသည်ဖြင့်    ချမှတ်၍   ပံ့ပိုးပေး လျက်ရှိသည်ကို တွေ့ရပါသည်။

 


MSME များနှင့် အလုပ်အကိုင်
အခွင့်အလမ်းများ ဆက်စပ်မှု


လေ့လာမှုများအရ       ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် လူငယ်အလုပ်လက်မဲ့နှုန်း မြင့်မားပါသည်။ လက်ရှိကာလတွင် စက်မှုကြီးကြပ် ရေးနှင့်  စစ်ဆေးရေးဦးစီးဌာန၏ စာရင်းဇယားများ အရ  member  card  ထုတ်ပေးထားသည့်   အရေ အတွက်သည်၃၀-၉-၂၀၂၂ ရက်အထိ  ၄၀၇၆၆   ခု ရှိပြီး အခြားဝန်ကြီးဌာနများတွင်  မှတ်ပုံတင်ထား သော     စီးပွားရေးလုပ်ငန်းများအရေအတွက်မှာ ၂၅၃၁၈၁ ခု ဖြစ်ပါသည်။ နိုင်ငံအတွင်း လုပ်ကိုင်နေ သော MSME အရေအတွက်သည်   လူငယ်များ၏ အလုပ်လက်မဲ့နှုန်းနှင့်        တိုက်ရိုက်သက်ရောက်မှု ရှိသည်ဟု  လေ့လာသိရှိရပြီး MSME အရေအတွက် များပြားလာမှသာလျှင် အလုပ်အကိုင်သစ်  ဖန်တီး နိုင်၍ အလုပ်လက်မဲ့နှုန်းကို လျှော့ချသည့်နေရာတွင် ကူညီအားဖြည့်ပေးနိုင်မည်ဖြစ်ပါသည်။    မြန်မာ နိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသော  MSME   အရေ အတွက်သည် အလုပ်လိုအပ်နေသည့် လူငယ်များနှင့် အလုပ်အကိုင်မရှိသော     လူများအားလုံးအတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးရန်  လုံလောက် သော   အရေအတွက်ဖြစ်ရန် လိုအပ်သောကြောင့် အစပျိုးလုပ်ငန်းသစ်များ ပေါ်ထွန်းလာရေး အားပေး ရန် လိုအပ်ပါသည်။ 

 


လူငယ်၊ အမျိုးသမီးများနှင့် စွန့်ဦးတီထွင်လုပ်ငန်းများ


လက်ရှိလုပ်ငန်းဆောင်ရွက်နေသော    MSME များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ပေးရုံသာမက MSME  အရေအတွက် တိုးပွားလာစေ ရန်၊ အစပျိုးလုပ်ငန်း (start-up) များ၊ စွန့်ဦးတီထွင် သူများပေါ်ပေါက်လာစေရန်အတွက်      လူငယ်နှင့် အမျိုးသမီးများကို    တွန်းအားပေး    ပံ့ပိုးပေးရန် လိုအပ်ပါသည်။ လူငယ်နှင့် အမျိုးသမီးများအနေဖြင့် စွန့်ဦးတီထွင် လုပ်ကိုင်လိုစိတ်ရှိပြီး အစပျိုးလုပ်ငန်း (start-up) များအဖြစ်   ပေါ်ထွက်လာပါက   စွန့်ဦး တီထွင်လုပ်ငန်းရှင်များ       ဖြစ်လာသည့်အတွက် အလုပ်လက်မဲ့ဖြစ်ခြင်းမှ ကင်းလွတ်သွားပြီး  အလုပ် လက်မဲ့နှုန်း  လျှော့ချရာတွင် အထောက်အကူဖြစ် ခြင်း၊ လူငယ်များ၏ ဖန်တီးတီထွင်မှုနှင့်  ဆန်းသစ် တီထွင်မှုများ  တိုးတက်လာစေခြင်း၊ ဝင်ငွေရရှိမည့် လုပ်ငန်းများကို ပိုမိုစိတ်ဝင်စားစေရန်  ဆောင်ရွက် ပေးခြင်းဖြင့်   လူငယ်နှင့်   အမျိုးသမီးများ၏    လူမှု စီးပွား ဘဝဖွံ့ဖြိုးလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။  ထိုသို့သော  အကျိုးကျေးဇူး များကြောင့် လူငယ်နှင့်  အမျိုးသမီးများ၏  လုပ်နိုင် စွမ်းအားနှင့် အခန်းကဏ္ဍကို နိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် တည်ဆောက်ရာ၌ အကျိုးရှိ ထိရောက်စွာ အသုံးချ၍  စွန့်ဦးတီထွင်လုပ်ငန်းရှင် များ ပေါ်ထွန်းလာစေရေး အလေးထား ပံ့ပိုးပေးကြ ခြင်းဖြစ်ပါသည်။

 


စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း


စက်မှုဝန်ကြီးဌာနအနေဖြင့်       လူငယ်နှင့် အမျိုးသမီးများ၏ လုပ်နိုင်စွမ်းအားနှင့် အရေးပါမှု တို့ကို   အလေးထား ပံ့ပိုးပေးနိုင်ရန်  MSME Regional Action Plan  (2018)  တွင် အဓိကလုပ်ငန်း အစီအစဉ်တစ်ခုအဖြစ် ထည့်သွင်းရေးဆွဲ  အကောင် အထည်ဖော်ခဲ့ပါသည်။  Action Plan အရ လူငယ် နှင့် အမျိုးသမီးများကို start-up များအဖြစ် စွမ်းရည် မြှင့်တင်ပေးသည့် “Entrepreneurship Education and Skill” လုပ်ငန်းအစီအစဉ်ကို  တိုင်းဒေသကြီး/ ပြည်နယ်များအလိုက်      အကောင်အထည်ဖော်ရာ တွင် ၂၀၂၁ ခုနှစ် ဇွန်လအထိ Entrepreneurship Skill များတိုးတက်ရန် လိုအပ်သည့် သင်တန်းများ ကျင်းပပေးခြင်း၊ Entrepreneur များနှင့် Investor များကို   ချိတ်ဆက်ပေးခြင်းစသည့်    လုပ်ငန်းအစီ အစဉ် ၈၀၊ ရာခိုင်နှုန်းအားဖြင့်  ၇၉ ရာခိုင်နှုန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

 


ထိုသို့      လူငယ်နှင့်    အမျိုးသမီးများ    စွန့်ဦး တီထွင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်        နိုင်ငံတော်က ဘက်ပေါင်းစုံ  ကူညီပံ့ပိုးဆောင်ရွက်ပေးရန်   လိုအပ် သကဲ့သို့ အမျိုးသမီးနှင့် လူငယ်များကိုယ်တိုင် စွန့်ဦး တီထွင်လုပ်ကိုင်ဆောင်ရွက်လိုသော     စိတ်များ နိုးကြားလာစေရန်   လိုအပ်ပါသည်။  လေ့လာချက် များအရ အမျိုးသမီးနှင့် လူငယ်များအနေဖြင့် စွန့်ဦး တီထွင်လုပ်ငန်းများ မဆောင်ရွက်ရန် တားဆီးထား သော အခက်အခဲများမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်အတွက် လိုအပ်မည့် ကျွမ်းကျင်မှုနှင့် အသိပညာ၊ အတတ်ပညာ ဗဟုသုတမရှိခြင်း၊ ဆုံးရှုံး မှာ ကြောက်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားသည် ကို  တွေ့ရပါသည်။   ထို့ပြင်   ငွေကြေးအရင်းအနှီး အလုံအလောက်ရှိမှသာ    လုပ်ငန်းရှင်ဖြစ်နိုင်မည် ဟု  ယူဆ၍  လုပ်ကိုင်ဆောင်ရွက်ရန်  လက်လျှော့ နေကြသည်ကိုလည်း တွေ့ရပါသည်။

 


ယနေ့ခေတ် အခွင့်အလမ်းများ


အရင်းအမြစ်ကိုအခြေခံသည့် အစပျိုးလုပ်ငန်း များ၊ သုတေသနနှင့် ဖွံ့ဖြိုးမှုကို အခြေခံသည့် အစပျိုး လုပ်ငန်းများအတွက် ငွေကြေးအစရှိသည့်  အခြေခံ အဆောက်အအုံနှင့်  ရုပ်ဝတ္ထုပစ္စည်းများ လိုအပ်မှု များသည် အဓိကလိုအပ်ချက်ဖြစ်သည်မှာ မှန်သော် လည်း ယနေ့ခေတ်သည် knowledge ခေတ်ဖြစ်ပြီး အမျိုးမျိုးသော သဘောသဘာဝများ၊ မတူညီသော knowledge / skill     ကို    အဓိကလိုအပ်သော ဝန်ဆောင်မှုကိုအခြေခံသည့် အစပျိုးလုပ်ငန်းများ (Service-based start-up)၊ အသိပညာကို အခြေခံ သည့် အစပျိုးလုပ်ငန်းများ (knowledge-based start-up) နှင့် e-business များကဲ့သို့ အရင်းအနှီး အမြောက်အမြားမလိုသည့်       လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်သော    အခွင့်အလမ်းများ သည် လူငယ်နှင့် အမျိုးသမီးများ၏ လက်တစ်ကမ်း တွင် ရှိနေသည့်အတွက် ရှုံးမှာကြောက်သည့်စိတ်ကို ကျော်လွှား၍ ကြိုးစားကြရန် လိုအပ်ပါသည်။

 


လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်စေခြင်း


လူငယ်များနှင့်    အမျိုးသမီးများ၏   လုပ်ငန်း လုပ်ဆောင်လိုစိတ်အား   တွန်းအားပေးနိုင်ရန်နှင့် ရှုံးမှာကြောက်သောစိတ်အား      ကျော်ဖြတ်နိုင်ရန် အတွက်  အစိုးရများအနေဖြင့်   စွန့်ဦးတီထွင်မှုဆိုင်ရာ သတင်းအချက်အလက်နှင့်     အရင်းအမြစ်များကို ရရှိရန်  ပံ့ပိုးပေးခြင်း၊ စွန့်ဦးတီထွင်မှု ယဉ်ကျေးမှုကို တည်ဆောက်မြှင့်တင်ပေးခြင်း၊   စွန့်ဦးတီထွင်မှု ဆောင်ရွက်လိုစိတ်   ဖြစ်ထွန်းလာစေရန်  မက်လုံး များ   ပေးဆောင်ခြင်း၊    ခွဲခြားဆက်ဆံမှုမပြုခြင်း၊ ကျောင်းများ၊     အသက်မွေးဝမ်းကျောင်းသင်တန်း များနှင့် အဆင့်မြင့်ပညာရေးများတွင် စွန့်ဦးတီထွင် မှုပညာများ သင်ကြားစေရန်  ပံ့ပိုးပေးခြင်း၊  ရေရှည် တည်တံ့သော စီမံကိန်းများအတွက် စိတ်ပါဝင်စား ပြီး      အလားအလာရှိသော    လူငယ်များအား နည်းပေးလမ်းပြ   လမ်းညွှန်မှုပေးခြင်း၊  ဘဏ္ဍာ ငွေကြေးနှင့် စပ်လျဉ်းသော ပညာရပ်များ သင်ကြား ပေးခြင်း၊ ချေးငွေနှင့် အသေးစား ငွေရေးကြေးရေး ရရှိနိုင်စေရန်     ပံ့ပိုးပေးခြင်း၊    ငွေကြေးနှင့်အတူ စီးပွား‌ရေးဆိုင်ရာ     သင်တန်းများ   ပံ့ပိုးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

 


လူငယ်နှင့် အမျိုးသမီးကဏ္ဍ မြှင့်တင်ရေး  


စက်မှုဝန်ကြီးဌာနအနေဖြင့် MSME  လုပ်ငန်း များ   ဖွံ့ဖြိုးတိုးတက်စေရန်  ဆောင်ရွက်ခြင်းဖြင့်  လူငယ်များနှင့်   အမျိုးသမီးများကို အလုပ်အကိုင် အခွင့်အလမ်းများ   ဖန်တီးပေးနိုင်စေရန်  ကြိုးစား ပေးနေသကဲ့သို့ အခြားတစ်ဖက်မှလည်း  နိုင်ငံတော် ဝန်ကြီးချုပ်၏ “နိုင်ငံအနာဂတ်ဖြစ်သည့်  လူသား အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး အစိုးရ နှင့်   ပြည်သူတစ်ရပ်လုံး     ဝိုင်းဝန်းအားပေးရမည် ဖြစ်ကြောင်း”       လမ်းညွှန်မှာကြားချက်နှင့်အညီ လူသားအရင်းအမြစ်ကောင်းများဖြစ်သည့် လူငယ် နှင့် အမျိုးသမီးများအား လုပ်ငန်းရှင်များဖြစ်လာ၍ အစပျိုးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လာနိုင် စေရန်  သက်ဆိုင်ရာဝန်ကြီးဌာနများ၊    ပြည်တွင်း ပြည်ပမိတ်ဖက်    အဖွဲ့အစည်းများနှင့်     ပူးပေါင်း ချိတ်ဆက်ပြီး နိုင်ငံတကာတွင် ကျင့်သုံးသော မူဝါဒ များနှင့်အညီ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။  ဤကဲ့သို့ လူငယ်နှင့်  အမျိုးသမီး များ၏     အခန်းကဏ္ဍကို    မြှင့်တင်ပေးခြင်းဖြင့် တိုင်းပြည်တွင်းရှိ  MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး        အလုပ်လက်မဲ့နှုန်း   လျော့ကျလာခြင်းကြောင့်  ဆင်းရဲချမ်းသာ ကွာဟမှု နည်းပါးလာကာ     လူမှုစီးပွားဘဝများ    ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း               တင်ပြအပ်ပါ သည်။         ။