MRTV News Channel  ဒီဇင်ဘာ (၁)ရက်နေ့တွင်  စတင်စမ်းသပ်ထုတ်လွှင့်မည်

 

 

နေပြည်တော်   နိုဝင်ဘာ  ၂၉
 မြန်မာ့ရုပ်မြင်သံကြားတွင် သတင်းကဏ္ဍသီးသန့်ကြည့်ရှု၊ နားဆင် နိုင်ရန်အတွက် MRTV News Channel ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ စတင်ပြီး စမ်းသပ်ထုတ်လွှင့်မည်ဖြစ်သည်။
MRTV News တွင် ပြည်တွင်းသတင်းများနှင့်  နိုင်ငံတကာ သတင်းများကို  အချိန်မှန်မှန် တင်ဆက်မှုအပြင် ထူးခြားဖြစ်စဉ်များ ကိုလည်း  Breaking News ၊ Update News တို့ဖြင့် ကြားဖြတ် ထုတ်လွှင့်ခြင်း၊  စာတန်းပြေးဖော်ပြခြင်း (Crawler)ဖြင့်ဖော်ပြခြင်း တို့ဖြင့် တင်ဆက်သွားမည်ဖြစ်သည်။
မြန်မာ့ရုပ်မြင်သံကြားအနေဖြင့် MRTV – HD ကို လက်ရှိအတိုင်း ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်သကဲ့သို့ MRTV News ကို ၂၀၂၁ ခုနှစ်၊   ဒီဇင်ဘာ ၁ ရက်မှ   စတင်၍  နေ့စဉ်နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ    စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ပြီး    ၂၀၂၂    ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်မှ   စတင်ကာ   ပုံမှန်ထုတ်လွှင့်သွားမည် ဖြစ်သည်။
MRTV News Channel အား MRTV DVB T2 Set-top Box (သို့မဟုတ်) DVB T2 Tuner ပါရှိသည့် LCD/LED TV များတွင် MRTV Channel 2 အဖြစ် အရုပ်၊ အသံ အရည်အသွေး ကောင်းမွန်စွာဖြင့် ဖမ်းယူကြည့်ရှုနိုင်သကဲ့သို့ Skynet ၊ CANAL Plus တို့၏ DTH တို့တွင် လည်း ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းနှင့် Analogue TV များတွင်လည်း MRTV Channel 2 အဖြစ် ဖမ်းယူ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်