
မရမ်းကုန်း စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက် ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ ဆက်သွယ် ရေးတပ်ဝင်းအိမ်ထောင်သည် လိုင်းခန်းတွင် ယနေ့နံနက် ၁၁ နာရီ က အရှည်ရှစ်ပေ၊ လုံးပတ် ၁၀ လက်မရှိ စပါးအုံးမြွေတစ်ကောင် ဝင်ရောက်နေကြောင်း သတင်းရ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ စပါးအုံးမြွေအား နံနက် ၁၁ မိနစ် ၂၀ နာရီတွင် ဖမ်းဆီး ရမိပြီး မင်္ဂလာဒုံမြို့နယ် စိတ္တသုခဘုန်းကြီးကျောင်းသို့ သွားရောက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)