မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ အသံမစဲ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲပြုလုပ်

 

နေပြည်တော် အောက်တိုဘာ   ၂၀


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ အသံမစဲ အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ  အောင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ် ရာ ဆေကဝတီ  ဗုဒ္ဓတက္ကသိုလ်၏   ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိနယာလင်္ကာရ အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတအမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး  ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်  တာဝန်ရှိ သူများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆေကဝတီ   ဗုဒ္ဓတက္ကသိုလ်၏    ပါမောက္ခချုပ် ဆရာတော်ထံမှ ရှစ်ပါးသီလနှင့် ဩဝါဒကထာများ နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး  လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ    အမျှပေးဝေကြသည်။      ထို့နောက် တိုင်းမှူးနှင့်    တက်ရောက်လာကြသူများက ဆေကဝတီဗုဒ္ဓတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာ   ဒေါ်ဆေကဝတီထံ   နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

 


အဆိုပါ ဆေကဝတီဗုဒ္ဓတက္ကသိုလ်၏ အသံမစဲ အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ   အောင်ပွဲကို အောက်တိုဘာ ၆ ရက်မှ ယနေ့အထိရွတ်ဖတ်ပူဇော်ခဲ့ ကြောင်း သတင်းရရှိသည်။      

           
သတင်းစဉ်