မရှိမဖြစ်လူအရင်းအမြစ်

 

မရှိမဖြစ်လူအရင်းအမြစ်

 

v    ပညာပြည့်ဝ နှလုံးလှက
    ကိစ္စကြီးငယ်  ဆောက်သဖွယ်လျှင်
    ကြီးငယ်ထွင်းဖောက် ဖြတ်တောက်လိုရာ
    ပြီးနိုင်စွာ၏  မဃဒေဝ လမ်းညွှန်ပြခဲ့
    လိုက်ကြနာယူ  ပညာဟူသည့်
    အပြည့်ရွှေအိုး လူမခိုးမို့
    ဒို့ကြိုးစားကာ  ရှာဖွေပါစို့။
v    ယခုအခါ  ဒို့ပြည်ရွာတွင်
    ပညာရှင်ကို ရှေ့တွင်တင်ထား
    လူစွမ်းအားဖြင့်
    ရင်းမြစ်ဖော်ထုတ် ကြိုးကုတ်ပမ်းစေ
    လမ်းတွေကိုဖော်  ပညာတော်မှ
    တိုးတက်ကြလိမ့် သို့မှအနာဂတ်  ပညာတတ်များ
    တိုးပွားမပြတ်  ပေါ်ပေါက်အပ်ပြီး
    ဒို့ရပ်လူ့ရွာ စည်ပင်သာလိမ့်။
v    ယခုတစ်ဖန်  စီမံကိန်းချ
    တိုးတက်ကြစေ  ပညာအမွေကို
    နှစ်လေးသုံးဆယ်  အားမာန်ရွယ်ပြီး
    လူငယ်အများ  အားကိုးထားစေ
    ဝိုင်းလေဌာန.  (၁၁)ခုကပါ
    ပညာအရေး    ဦးစားပေး၍
    မျှော်တွေးထောက်ရှု    အလေးပြုခဲ့။
v    ပညာရေးညီလာခံ  အားမာန်တင်းတင်း
    ဆွေးနွေးခြင်းဖြင့်    လူအရင်းအမြစ်
    တိုးတက်ရစ်အောင်  ကြံဆောင်ကြစေ   တိုက်တွန်းပေသည်
    နောင်လေအနာဂတ်  ပညာတတ်မျိုး  အုပ်စိုးနိုင်စေ
    ပေးအမွေကို  ဒို့တွေစုပေါင်း
    မှန်လမ်းကြောင်းပေါ်  ရောက်စေနော်ဟု
    ထုတ်ဖော်ပြောကြား  သတိထား၍ ထင်ရှားဂရုပြုကြစို့။
(မေလ ၁၈  - ၂၀ ရက်တွင် ကျင်းပမည့်ပညာရေးညီလာခံကို ကြိုဆိုဂုဏ်ပြုလျက်)-

 

ဘိုမျိုး(ရွှေဘို)