MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ထွက်ခွာ

 

ကော့သောင်း အောက်တိုဘာ ၁၈


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အလုပ်သမားဝန်ကြီး ဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏  ထိုင်းနိုင်ငံသို့  MoU စနစ်ဖြင့်   မြန်မာအလုပ်သမား များစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့        မွန်းလွဲပိုင်းက ကော့သောင်း   နယ်စပ်ဂိတ်မှ တစ်ဆင့်   မြန်မာအလုပ်သမား အမျိုးသား ၂၄၁ ဦး ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်းသိရသည်။

 


အဆိုပါ မြန်မာအလုပ်သမား များအား    ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)   လိုင်စင်ရ အေဂျင်စီတစ်ခုဖြစ်သည့်  Htoo Thit Zae Co.,Ltd မှ ထိုင်းနိုင်ငံရှိ Chicony Electronics (Thailand)Co.,Ltd သို့ အမျိုးသားအလုပ် သမား ၅၀ နှင့် အမျိုးသမီးအလုပ် သမား ၁၉၁ ဦး စုစုပေါင်းအလုပ် သမား ၂၄၁ ဦးကို နှစ်နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူ ဆောင်ရွက်ပေးခြင်း      ဖြစ်ကာ ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်း မြို့သို့       လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး       ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှ တစ်ဆင့်        ရေလမ်းခရီးဖြင့်   ထိုင်းနိုင်ငံသို့   ပို့ဆောင်ပေးမည် ဖြစ်သည်။

 

 သွားရောက်အလုပ်လုပ် ကိုင်မည့် မြန်မာအလုပ်သမားများ အား  ကော့သောင်းခရိုင်  အလုပ် သမား        ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ကော့သောင်း ခရိုင်ရုံး၊     လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တာဝန်ရှိ အဖွဲ့အစည်းများက  လိုအပ်သည့် စစ်ဆေးမှုများ   ဆောင်ရွက်ပေး ခဲ့ကြပြီး  အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက   ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့်     ကုမ္ပဏီသို့ စနစ်တကျ   ပို့ဆောင်ပေးခဲ့ကြ ကြောင်းသိရသည်။

 


ကျော်စိုး(ကော့သောင်း)