မန္တလေးတပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး

 

နေပြည်တော်   ဇန်နဝါရီ   ၆


မန္တလေးတပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား   ကာကွယ် ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာ များ ပေးအပ်သည်။

 


အဆိုပါမွေးကင်းစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား     ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် နယ်မြေခံ ဆေးတပ်ရင်းမှ ပါရဂူများ၊ ဆရာဝန်များနှင့် သူနာ ပြုများက ကလေးငယ်   ၃၀၇  ဦးတို့ကို   ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ် ကာကွယ်ဆေး နှင့်   ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ် ဆေး၊  ပိုလီယိုရောဂါကာကွယ်ဆေး၊   အသည်း ရောင် အသားဝါရောဂါကာကွယ်ဆေးနှင့် ငါးမျိုး စပ်  ကာကွယ်ဆေးများကို    ထိုးနှံတိုက်ကျွေးကြ ကြောင်း သတင်းရရှိသည်။                            

 

သတင်းစဉ်