မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်


 

နေပြည်တော် နိုဝင်ဘာ  ၁၆
မန္တလေးတိုင်းဒေသကြီး   ဝန်ကြီး ချုပ်ဖလား၊ ခရိုင်ပေါင်းစုံ (အမျိုး သား၊ အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲ  ဖွင့်ပွဲကို   ယနေ့နံနက်ပိုင်း တွင်    ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ  အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်  ဦးမောင်ကို၊   အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်            တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   အားကစား ဝါသနာရှင်များ  တက်ရောက်ကြ သည်။
ဦးစွာ          ဝန်ကြီးချုပ်က  အမှာစကား     ပြောကြားပြီး ဝန်ကြီးချုပ်နှင့်        တိုင်းမှူးတို့ က          ပြိုင်ပွဲဝင်အသင်းများ အား  ဂုဏ်ပြုဆုငွေများချီးမြှင့်ပြီး   တက်ရောက်   လာကြသူများနှင့် အတူ       အဖွင့်ပွဲစဉ်ဖြစ်သည့် ပြင်ဦးလွင်ခရိုင် အမျိုးသားအသင်း နှင့် ကျောက်ဆည်ခရိုင်အမျိုးသား အသင်းတို့၏  ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ  မန္တလေးတိုင်းဒေသ ကြီး   ဝန်ကြီးချုပ်ဖလား၊  ခရိုင် ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို မန္တလေး တိုင်းဒေသကြီးအတွင်းရို    ခရိုင် ခုနစ်ခရိုင်မှ  အမျိုးသားအသင်း ခုနစ်သင်း၊   အမျိုးသမီးအသင်း ခုနစ်သင်းတို့ဖြင့်   နိုဝင်ဘာ ၂၀ ရက်အထိ   ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်