မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျီးနီကန်၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း)နှင့် မိုးစပါးစံပြကွက် ၇၅ ဧကစိုက်ခင်းသို့ သွားရောက်ကြည့်ရှု

 

မန္တလေး  နိုဝင်ဘာ  ၁


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ     ယမန်နေ့ မွန်းလွဲပိုင်းက   မြန်မာသက္ကရာဇ်    ၆၆၅  ခုနှစ်   ပုဂံ ကျော်စွာမင်းလက်ထက်က  စတင်အသုံးပြုခဲ့သည့် ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်ရှိ   ကျီးနီကန်သို့   ရောက်ရှိရာ  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ မှုဦးစီးဌာနမှ   ညွှန်ကြားရေးမှူး   ဦးဇော်မင်းနိုင်က ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ကျီးနီကန်     အမှီပြုနေသော    ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးနှင့် စိုက်ကွင်း များသို့  အလေအလွင့်မရှိ  ထိရောက်စွာပေးနိုင်ရေး တို့ကို အလေးထားဆောင်ရွက်ရန် မှာကြားပြီး လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နည်းပညာတက္ကသိုလ်(ရမည်းသင်း) သို့ ရောက်ရှိကာ တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ကို ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်သူက ယခင်က အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ်    ၁၉၉၉  ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး   ၂၀၀၉  ခုနှစ်တွင်  အစိုးရ နည်းပညာကောလိပ်၊ ၂၀၁၀ ပြည့်နှစ်တွင် နည်းပညာ တက္ကသိုလ်    အဆင့်ဆင့်တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း၊ နှစ်ပေါင်း ၂၀  ကျော်အတွင်း   ဒီပလိုမာလက်မှတ်ရ ၁၈၀၁ ဦး၊  ဘွဲ့ရ  ၃၁၅၆  ဦးတို့ကို မွေးထုတ်ပေးနိုင်  ခဲ့ကြောင်း၊ ပြောင်းလဲလာသည့် ပညာရေးစနစ်အရ   Outcome Based Education ကို ကျင့်သုံးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့်    ၂၀၂၂  -  ၂၀၂၃ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန် တင်ပြထားသည့်     လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ    တိုင်းဒေသကြီး  ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပညာရေးနှင့်ပတ်သက်၍ အလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ၌ လိုအပ် သည်များကို လမ်းညွှန်ချက်များနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်    လာရောက်ခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားရာတွင်    အေးချမ်းပျော်ရွှင်စွာဖြင့် သင်ကြားနိုင်ရန် တက္ကသိုလ်များအင်္ဂါရပ်နှင့်အညီ ဥပဓိရုပ်ကောင်းမွန်ရေး၊        သန့်ရှင်းသပ်ရပ်ရေး၊ ဘတ်ဂျက်ငွေများအား အလေအလွင့်မရှိ ထိရောက် မှန်ကန်စွာသုံးစွဲရေး၊   ပြုပြင်ထိန်းသိမ်းရေးများကို စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်  မှာကြားပြီး ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ပျော်ဘွယ်မြို့နယ် ကျူတောဝကျေးရွာအုပ်စုရှိ ၂၀၂၂-၂၀၂၃ မိုးစပါး တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြကွက် ၇၅ ဧက စိုက်ခင်းသို့ ရောက်ရှိ၍ စိုက်ပျိုးထားမှုများကိုကြည့်ရှုပြီး  တောင်သူများ၏ တင်ပြ ဆွေးနွေးလာသည့် အခက်အခဲများအပေါ် သက်ဆိုင် ရာ ဌာနများနှင့်  ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေး ကြောင်း သိရသည်။         
သတင်းစဉ်