မန္တလေးတိုင်းဒေသကြီး၌ ပန်းခင်းစီမံချက်ဖြင့် လူဦးရေ ၃၈၀၀၀၀ ကျော်အား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရန်လျာထား

မန္တလေး  ဒီဇင်ဘာ  ၄


မန္တလေးတိုင်းဒေသကြီး အတွင်း လူဦးရေ  ၃၈၀၀၀၀  ကျော်အား ပန်းခင်းစီမံချက်ဖြင့်    နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင် ရေးအတွက် လျာထားဆောင်ရွက် ပေးနေကြောင်း  လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာန    မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ   ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး  ဦးဇော်ဝင်းမြင့်က ပြောကြားသည်။ 

 


ပန်းခင်းစီမံချက်ဖြင့်    နိုင်ငံ သားစိစစ်ရေးကတ်ပြားထုတ်ပေး ခြင်းကို   ကိုဗစ်စည်းကမ်းချက် များနှင့်အညီ  မြို့နယ်၊   ကျေးရွာ အလိုက်     ပြည်သူများအတွက်   ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိရာ ဒီဇင်ဘာ ၃ ရက်အထိ     လူဦး ရေ ၁၁၁၀၀၀ ကျော်အား  နိုင်ငံ သား စိစစ်ရေးကတ်ပြားထုတ်ပေး ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်း ၁၀၀၀၀ ကျော်ကိုလည်း ထုတ်ပေး ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့်   နိုင်ငံသား      စိစစ်ရေးကတ်ပြား ထုတ်ပေးရန်            လျာထားသူ  ၂၆၈၀၀၀         ကျော်အတွက်       ဆက်လက်      ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 


“မန္တလေးတိုင်း    ဒေသကြီး အတွင်း ပန်းခင်းစီမံချက်  ဆောင် ရွက် နေတဲ့ အကြောင်းအရာတွေကို ပြည်သူလူထုအတွက် အသိပညာ ပေးလုပ်ငန်းအကြိမ်ရေ ၃၀၀၀၀ ကျော် ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံသားကတ်ပြားလုပ်တဲ့အခါ အသက် ၁၀ နှစ်ပြည့်ပြီးသူဖြစ်ရပါ မယ်။ ပန်းခင်းစီမံချက်မှာတော့ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ်အထက်တွေကို ဦးစားပေးပြီး  ဆောင်ရွက်လျက် ရှိပါတယ်။       ပြုလုပ်လိုသူတွေ အနေနဲ့      အိမ်ထောင်စုလူဦးရေ စာရင်းမူရင်း၊ မိတ္တူ၊ မိဘနှစ်ပါးရဲ့ နိုင်ငံသားစိစစ်ရေး      ကတ်ပြား မူရင်း၊ မိတ္တူ၊  ရပ်ကွက်အတွင်း နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊     မွေးစာရင်း လက်မှတ်မိတ္တူ၊      ကျောင်းနေ  အရွယ်ဆိုပါက ကျောင်းထောက်ခံ ချက်ပါရှိရမှာ ဖြစ်ပါတယ်။ သွေး စစ်ဆေးခြင်းနဲ့  ဓာတ်ပုံရိုက်ခြင်းကို နိုင်ငံတော်အစီအစဉ်နဲ့      ဆောင် ရွက်ပေးလျက်ရှိပါတယ်”     ဟု ၎င်းက ပြောသည်။ 

 


ပန်းခင်းစီမံချက်ကို တိုင်းဒေသ ကြီးအတွင်း  ယခုနှစ် မေ  ၃ ရက်မှ     စတင်ဆောင်ရွက်ခဲ့ပြီး  ၂၀၂၂ ခုနှစ်  နိုဝင်ဘာ ၃ ရက် အထိ ၁၈   လ ကာလ   သတ်မှတ်ပြီး    ဆောင်ရွက် ပေးနေကြောင်း  သိရသည်။ 


မင်းထက်အောင်(မန်းကိုယ်ပွား)