မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားထုတ်လုပ်ရေး စက်ရုံစီမံကိန်းများကြည့်ရှုစစ်ဆေး သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ရေး မှာကြား

 

နေပြည်တော်    ဩဂုတ်   ၂၇             


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ မဂ္ဂါဝပ် ၂၀ ရေပေါင်းဆုံနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံ စီမံကိန်း၊ ကျောက်ဆည်မြို့နယ်ရှိ  မဂ္ဂါဝပ် ၃၀ ဘဲလင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံ စီမံကိန်းနှင့် ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့ကို  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ     ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည် သာစည်မြို့နယ်ရှိ မဂ္ဂါဝပ် ၂၀ ရေပေါင်းဆုံ နေရောင် ခြည်စွမ်းအင်သုံး    ဓာတ်အားထုတ်လုပ်ရေးစက်ရုံ စီမံကိန်း၊ ကျောက်ဆည်မြို့နယ်ရှိ မဂ္ဂါဝပ် ၃၀ ဘဲလင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်းနှင့်   ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့သို့ရောက်ရှိရာ  တာဝန်ရှိသူများက  လုပ်ငန်းများဆောင်ရွက်နေမှုများကို       ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည်  နေရောင် ခြည်စွမ်းအင်အရင်းအမြစ်များ   ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် နေရာင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံများကို       အကောင်အထည်ဖော်တည် ဆောက်သွားရမည် ဖြစ်ပါကြောင်း၊ ဆိုလာစီမံကိန်း များတွင် Tracking System တပ်ဆင်ထားခြင်းကြောင့်  လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်သည်ကို တွေ့ရှိရ သဖြင့် ဆိုလာ Tracking System နည်းပညာကို အသုံးပြုတည်ဆောက်သွားရန် လိုအပ်ပါကြောင်း၊ ကုမ္ပဏီအသီးသီးမှ     စီမံကိန်းမြေနေရာများနှင့် ပတ်သက်၍ သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း နေမှုကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ ပြည်သူများလိုအပ်နေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေ ခြင်းဖြစ်သည့်အတွက် လက်ရှိတည်ဆောက်လျက် ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ် လုပ်ရေးစက်ရုံစီမံကိန်းများကို     သတ်မှတ်အချိန် အတွင်း   အချိန်မီပြီးစီးအောင်  အလေးထားဆောင် ရွက်သွားရန်    လိုအပ်ကြောင်းနှင့်     လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊      လုပ်ငန်းခွင်သုံး စက်ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ ပြည်သူများ လျှပ်စစ်ဓာတ်အား      အမြန်ဆုံးရရှိသုံးစွဲနိုင်ရေး အတွက် ဆောလျင်စွာပြီးစီးရေးကို အားသွန်ခွန်စိုက် တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ သည် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ် ရေးစက်ရုံစီမံကိန်းများ၏   လုပ်ငန်းခွင်များအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေပေါင်းဆုံဓာတ်အားခွဲရုံအတွင်းရှိ      ဓာတ်အား ထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို   လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။              

သတင်းစဉ်