မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ရဲစခန်းများအား ဓာတ်ဆီပုလင်းဖြင့် ပစ်ပေါက်၍ မီးရှို့ရန်ကြံစည်

နေပြည်တော် မတ် ၁၈ နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံ ရေးကိုမလိုလားသည့် လူစုလူဝေး များအနေဖြင့် မသမာသူတို့၏ နောက်ကွယ်မှ သွေးထိုးစည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများရောက်ရှိအောင် ဆူပူ အကြမ်းဖက်မှုများ မဖြစ် ဖြစ်အောင်ဆောင်ရွက်ပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက် ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်မှုများနှင့် ရဲတပ်ဖွဲ့ စခန်းများအား မီးလောင်ပျက်စီး စေရန် ရည်ရွယ်ချက်ဖြင့် မီးကွင်း ပစ်ခြင်း၊ ဓာတ်ဆီပုလင်းဖြင့် မီးရှို့ ၍ ပစ်ပေါက်ခြင်းတို့ကို နေရာ ဒေသအချို့တို့တွင် ဆက်လက် လုပ်ဆောင်နေကြောင်း သိရ သည်။ မောင်းနှင်ထွက်ပြေး မတ် ၁၈ ရက် နံနက် ၁၁ နာရီ တွင် အောင်မြေသာစံမြို့နယ် ဥပုတ်တော်ရပ်ကွက်ရှိ ရဲစခန်း မြောက်ဘက်ခြမ်းအား ၄ လမ်း ဘက်မှ ဆိုင်ကယ် ၂ စီး၊ လူ ၆ ဦး တို့က ဓာတ်ဆီပုလင်းအား မီးရှို့ ပစ်ပေါက်ခဲ့ရာ ရဲစခန်းဝင်း အတွင်းရှိ မိသားစုနေအိမ် လိုင်းခန်း၏ အနောက်ဘက်သို့ ကျရောက်ခဲ့သဖြင့် ရဲစခန်းရှိ တပ်ဖွဲ့ဝင်များက ပြန်လည် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါ အကြမ်းဖက်သူများမှာ ဆိုင်ကယ် ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ ကြောင်း။ အလားတူ မွန်းလွဲ ၁ နာရီတွင် အောင်မြေသာစံမြို့နယ် သီရိ မာလာအရှေ့ရပ်ကွက် ၂၃ x ၂၃ (B) လမ်းကြားရှိ ရဲစခန်းအား ဆိုင်ကယ်၂ စီး၊ လူ ၄ ဦးပါအဖွဲ့က အင်ဂျင်ဝိုင်နှင့် ဓာတ်ဆီရော ထားသည့်ပုလင်းအား မီးရှို့ ပစ်ပေါက်ခဲ့ရာ ရဲစခန်းအဆောက် အဦ အမိုးပေါ်သို့ ကျရောက်ခဲ့ သဖြင့် ရဲစခန်းရှိ တပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါ အကြမ်းဖက်ပစ်ခတ်သူ များမှာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။ အမှုဖွင့်အရေးယူ ဖြစ်စဉ်များတွင် ဆူပူအကြမ်း ဖက်သူများ၏ ဓာတ်ဆီပုလင်းဖြင့် ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်နှင့် အဆောက်အအုံများ ထိခိုက် ပျက်စီး၊ ဒဏ်ရာရရှိမှုမရှိကြောင်း နှင့် ရဲစခန်းများလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ကာ လုံခြုံရေးရယူ ဆောင်ရွက်ထားရှိ ပြီး အကြမ်းဖက်လုပ်ရပ် ကျူးလွန် သူများကို ဥပဒေနှင့်အညီ စိစစ် ဖော်ထုတ် အမှုဖွင့်လှစ်အရေးယူ နိုင်ရေး ဆောင်ရွက်ထားရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ သတင်းစဉ်