မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ဖွင့်ပွဲကျင်းပ

တစ်ရက်လျှင် လျှပ်စစ်ယူနစ် ကီလိုဝပ်နာရီနှစ်သိန်းကျော်ခန့်၊ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၇၀ ဒသမ ၅၉၉ ထုတ်လုပ်ပေးနိုင်မည်

နေပြည်တော်   ဒီဇင်ဘာ   ၅ 


လျှပ်စစ်နှင့်    စွမ်းအင်ဝန်ကြီးဌာနက  အကောင်အထည်ဖော်   တည်ဆောက် ပြီးစီးခဲ့သည့်   မန္တလေးတိုင်းဒေသကြီး အတွင်းရှိ     မဂ္ဂါဝပ်  ၃၀  သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း    ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် သပြေဝကျေးရွာ အနီးရှိ     အဆိုပါဓာတ်အားပေးစက်ရုံ စီမံကိန်း၌ ကျင်းပသည်။


တက်ရောက်


ဖွင့်ပွဲအခမ်းအနားသို့     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး     အောင်လင်းဒွေး၊ လျှပ်စစ်နှင့်        စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်သန်းဦး၊ မန္တလေးတိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးမောင်ကို၊ ဌာနဆိုင်ရာအကြီးအကဲများ၊Clean Power Energy (CPE) Co.,Ltd. မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်   ဧည့်သည် တော်များနှင့်  ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊  မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ လျှပ်စစ်နှင့်စွမ်းအင်   ဝန်ကြီးဌာန ဒုတိယဝန်ကြီး      ဦးသန့်စင်နှင့် Clean Power Energy (CPE) Co.,Ltd. မှ  တာဝန်ရှိသူများက မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည် စွမ်းအင်သုံး  ဓာတ်အားပေးစက်ရုံ စီမံကိန်း    ဖွင့်ပွဲအခမ်းအနားကို  ဖဲကြိုးဖြတ်    ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက  ဓာတ်အားပေး စက်ရုံ ကမ္ပည်းမော်ကွန်းကျောက်စာ တိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ   အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က  မဂ္ဂါဝပ်  ၃၀  သပြေဝ  နေရောင် ခြည်စွမ်းအင်သုံး   ဓာတ်အားပေး စက်ရုံစီမံကိန်း ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာ တွင် သပြေဝ နေရောင်ခြည်စွမ်းအင် သုံး  ဓာတ်အားပေးစက်ရုံစီမံကိန်း သည်   မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်  သပြေဝကျေးရွာ အနီးတွင် Clean Power Energy (CPE) Co.,Ltd. မှ BOO (Build Operate   Own)   စနစ်ဖြင့်  အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည်   ရေအား၊ နေအား၊  လေအား    အစရှိသည့်   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ ပေါကြွယ် ဝသည့် နိုင်ငံဖြစ်သဖြင့်  သဘာဝက ပေးထားသည့်     အားသာချက်ကို ကောင်းစွာအသုံးချပြီး   နေ‌ရောင် ခြည်စွမ်းအင်သုံး   ဓာတ်အားပေး စက်ရုံများကို  အကောင်အထည် ဖော် တည်ဆောက်သွားမည်ဖြစ် ကြောင်း၊  ထိုသို့တည်ဆောက်ရာ တွင် မြေဧကများစွာ လိုအပ်သည့် အတွက် နိုင်ငံအတွင်းရှိ စိုက်ပျိုး ရေး  ဆောင်ရွက်ရန် ခက်ခဲသည့် မြေများနှင့် အပူပိုင်းဒေသ လွင်တီး ခေါင်ပြင်မြေများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ များကို     အကောင်အထည်ဖော် ဆောင်ရွက်ရန်   စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။


ထပ်မံ၍ မြေပေါ်အခြားမြေပြင် ၌ တည်ဆောက်မည့် နေရောင် ခြည်စွမ်းအင်သုံး  လျှပ်စစ်စီမံကိန်း များနှင့်  ရေပေါ်နေရောင်ခြည်စွမ်း အင်သုံး ဓာတ်အားပေးစက်ရုံများ (Floating Solar Plants)ကို လည်း  အကောင်အထည်ဖော်နိုင် ရေး   စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခု သပြေဝ နေရောင် ခြည်စွမ်းအင်သုံး   ဓာတ်အားပေး စက်ရုံစီမံကိန်း၏    စက်တပ်ဆင် အင်အားမှာ မဂ္ဂါဝပ် ၃၀ ဖြစ်ကာ မြန်မာနိုင်ငံတွင်   ဒုတိယမြောက် အကောင်အထည်ဖော်    တည် ဆောက်ပြီးစီးခဲ့သည့်     စီမံကိန်း တစ်ခု   ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းမှ တစ်ရက်လျှင် လျှပ်စစ် ယူနစ်ကီလိုဝပ် နာရီနှစ်သိန်းကျော် ခန့်  ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားကီလိုဝပ်  နာရီ သန်းပေါင်း  ၇၀  ဒသမ  ၅၉၉ ထုတ်လုပ်ပေးနိုင်မည်    ဖြစ်ကာ ထွက်ရှိလာမည့်   လျှပ်စစ်ဓာတ် အားများကို သပြေဝ ပင်မဓာတ် အားခွဲရုံမှတစ်ဆင့်    နိုင်ငံတော် ဓာတ်အားစနစ်သို့    ချိတ်ဆက် ပို့လွှတ်  ဖြန့်ဖြူးသွားမည်ဖြစ်ပါ ကြောင်း။


လက်ရှိအချိန်တွင် နိုင်ငံအတွင်း အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၉ သန်းကျော်ရှိသည့်အနက်  အိမ် ထောင်စု ၆ ဒသမ ၆ သန်းခန့်ကို နိုင်ငံတော်    ဓာတ်အားစနစ်မှ မီးပေးနိုင်ပြီးဖြစ်၍ အိမ်ထောင်စု စုစုပေါင်း၏ ၆၁   ရာခိုင်နှုန်းကို ဓာတ်အား   ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်  လျှပ်စစ်မီးရရှိသုံးစွဲပြီးသူများအား    တည်ငြိမ်သော လျှပ်စစ်ဓာတ်အား     ရရှိအောင် ဆောင်ရွက်ပေးနေသကဲ့သို့ လျှပ်စစ် မီးသုံးစွဲခွင့်မရသေးသူများအတွက် လည်း      သုံးစွဲခွင့်ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပြီး    ၂၀၃၀ ပြည့်နှစ်တွင်  တစ်နိုင်ငံလုံး ရာခိုင် နှုန်းပြည့် လျှပ်စစ်မီးသုံးစွဲနိုင်အောင်  စီမံဆောင်ရွက်လျက်ရှိကြောင်း။ 
ချွေတာသုံးစွဲ
ပြည်သူများအနေဖြင့် လျှပ်စစ် ဓာတ်အားကို  အကျိုးရှိစွာသုံးစွဲ ခြင်း၊  လိုအပ်သလောက်ကိုသာ ချွေတာသုံးစွဲခြင်းနှင့် မိမိတို့သုံးစွဲ ခဲ့သော ကျသင့်သည့် ဓာတ်အားခ များကို သတ်မှတ်ရက်များအတိုင်း အချိန်မီပေးသွင်းကြခြင်းဖြင့် နိုင်ငံ အတွင်းရှိ    လျှပ်စစ်မီးသုံးစွဲရန်ကျန်ရှိနေသူပြည်သူများ သုံးစွဲနိုင် ရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး၊         လက်ရှိ ဓာတ်အားသုံးစွဲနေသော  စက်ရုံ၊ အလုပ်ရုံများအပြင် ခေတ်မီစက်ရုံ၊ အလုပ်ရုံများ၏ ဓာတ်အားလိုအပ် ချက်ကို စဉ်ဆက်မပြတ် တိုးတက် ဖြန့်ဖြူးပေး     နိုင်ရေးအတွက် ကြိုးပမ်း   ဆောင်ရွက်သွားမည့် ဝန်ကြီးဌာန၏  ဆောင်ရွက်မှုများ ကို   နားလည်သဘောပေါက်ပြီး အကောင်အထည်ဖော်  ဆောင်ရွက် နေသည့်    လုပ်ငန်းများအပေါ် ပြည်သူများကလည်း       ဝိုင်းဝန်း ပူးပေါင်း  ကူညီစောင့်ရှောက်ပေး စေလိုကြောင်း   ပြောကြားသည်။


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး    ဦးအောင်သန်းဦးက မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တည်ဆောက်ရခြင်း၏ အကျိုးကျေးဇူးများကို   လည်း ကောင်း၊  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမောင်ကိုက  စက်ရုံ တည်ဆောက်ရသည့်      အကျိုး ကျေးဇူးကိုလည်းကောင်း၊ Clean Power Energy (CPE) Co.,Ltd. မှ တာဝန်ရှိသူက  ဓာတ်အားပေး စက်ရုံ စီမံကိန်းတည်ဆောက်ခဲ့မှု အခြေအနေကို    လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေး မှူး၊ ပြည်ထောင်စုဝန်ကြီး ၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည်   ဓာတ်အားပေး စက်ရုံ တည်ဆောက်ခဲ့မှုမှတ်တမ်း ဗီဒီယိုကိုကြည့်ရှုပြီး     နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား များ  ထုတ်လုပ်ပြီး  နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေ အနေကို    လှည့်လည်ကြည့်ရှုခဲ့ ကြောင်း သိရသည်။   


သတင်းစဉ်