
နေပြည်တော် ဒီဇင်ဘာ ၅
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည် ဆောက်ပြီးစီးခဲ့သည့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မန္တလေး တိုင်းဒေသကြီး သာစည်မြို့နယ် သပြေဝကျေးရွာအနီးရှိ အဆိုပါ ဓာတ်အားပေးစက်ရုံ စီမံကိန်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး အောင်လင်းဒွေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကို၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ Clean Power Energy (CPE) Co.,Ltd မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် Clean Power Energy (CPE) Co.,Ltd မှ တာဝန်ရှိသူတို့က မဂ္ဂါဝပ် ၃၀ သပြေဝနေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း ဖွင့်ပွဲအခမ်းအနား ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဓာတ်အားပေးစက်ရုံ ကမ္ပည်း မော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် သပြေဝ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း သည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သပြေဝကျေးရွာ အနီးတွင် Clean Power Energy (CPE) Co.,Ltd မှ BOO (Build OperateOwn)စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရေအား၊ နေအား၊ လေအား အစရှိ သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ ပေါကြွယ်ဝ သည့် နိုင်ငံဖြစ်သဖြင့် သဘာဝက ပေးထားသည့် အားသာချက်ကို ကောင်းစွာ အသုံးချပြီး နေရာင် ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများကို အကောင်အထည် ဖော် တည်ဆောက်သွားမည်ဖြစ် ကြောင်း၊ ထိုသို့တည်ဆောက်ရာ တွင် မြေဧကများစွာ လိုအပ်သည့် အတွက် နိုင်ငံအတွင်းရှိ စိုက်ပျိုး ရေး ဆောင်ရွက်ရန် ခက်ခဲသည့် မြေများနှင့် အပူပိုင်းဒေသ လွင်တီး ခေါင်ပြင်မြေများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထပ်မံ၍ မြေပေါ်အခြားမြေပြင် ၌ တည်ဆောက်မည့် နေရောင် ခြည် စွမ်းအင်သုံး လျှပ်စစ်စီမံကိန်း များနှင့် ရေပေါ်နေရောင်ခြည်စွမ်း အင်သုံး ဓာတ်အားပေးစက်ရုံများ (Floating Solar Plants) ကို လည်း အကောင်အထည်ဖော်နိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခု သပြေဝနေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း၏ စက်တပ်ဆင် အင်အားမှာ မဂ္ဂါဝပ် ၃၀ ဖြစ် ကာ မြန်မာနိုင်ငံတွင် ဒုတိယ မြောက် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် စီမံ ကိန်းတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းမှ တစ်ရက်လျှင် လျှပ်စစ် ယူနစ် ကီလိုဝပ်နာရီ ၂ သိန်း ကျော်ခန့် ထုတ်လုပ်နိုင်ပြီးတစ်နှစ် လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၇၀ ဒသမ ၅၉၉ ထုတ်လုပ်ပေးနိုင်မည်ဖြစ် ကာ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများကို သပြေဝပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံ တော် ဓာတ်အားစနစ်သို့ချိတ်ဆက် ပို့လွှတ် ဖြန့်ဖြူးသွားမည်ဖြစ်ပါကြောင်း။
လက်ရှိအချိန်တွင် နိုင်ငံ အတွင်း အိမ်ထောင်စုပေါင်း (၁၀ ဒသမ ၉)သန်းကျော်ရှိသည့်အနက် အိမ်ထောင်စု (၆ ဒသမ ၆)သန်းခန့် ကို နိုင်ငံတော်ဓာတ်အားစနစ်မှ မီးပေးနိုင်ပြီးဖြစ်၍ အိမ်ထောင်စု စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ် ပါကြောင်း၊နိုင်ငံတော်အစိုးရအနေ ဖြင့် လျှပ်စစ်မီးရရှိသုံးစွဲပြီးသူများ အား တည်ငြိမ်သော လျှပ်စစ် ဓာတ်အား ရရှိအောင် ဆောင်ရွက် ပေးနေသကဲ့သို့ လျှပ်စစ်မီးသုံးစွဲ ခွင့်မရသေးသူများအတွက်လည်း သုံးစွဲခွင့်ရရှိအောင် ဆောင်ရွက် ပေးလျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာခိုင်နှုန်းပြည့် လျှပ်စစ်မီးသုံးစွဲနိုင်အောင် စီမံ ဆောင်ရွက်လျက်ရှိကြောင်း။
ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ သုံးစွဲခြင်း၊ လိုအပ်သလောက်ကို သာ ချွေတာသုံးစွဲခြင်းနှင့် မိမိ တို့ သုံးစွဲခဲ့သော ကျသင့်သည့် ဓာတ်အားခများကို သတ်မှတ်ရက် များအတိုင်း အချိန်မီပေးသွင်းကြ ခြင်းဖြင့် နိုင်ငံအတွင်းရှိ လျှပ်စစ်မီး သုံးစွဲရန် ကျန်ရှိနေသူ ပြည်သူ များ သုံးစွဲနိုင်ရေး၊ လျှပ်စစ် ဓာတ်အားပြည့်ဝစွာ ထုတ်လုပ် နိုင်ရေး၊ လက်ရှိဓာတ်အား သုံးစွဲ နေသော စက်ရုံ၊ အလုပ်ရုံများ အပြင် ခေတ်မီစက်ရုံ၊ အလုပ်ရုံများ ၏ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ် တိုးတက်ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည့် ဝန်ကြီးဌာန ၏ ဆောင်ရွက်မှုများကို နားလည် သဘောပေါက်ပြီး အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပြည်သူများမှ လည်း ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦးက မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တည်ဆောက်ရခြင်း၏ အကျိုးကျေးဇူးများကို လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက စက်ရုံ တည်ဆောက်ရသည့် အကျိုး ကျေးဇူးကို လည်းကောင်း၊ Clean Power Energy (CPE) Co.,Ltd မှ တာဝန်ရှိသူက ဓာတ်အားပေး စက်ရုံ စီမံကိန်းတည်ဆောက်ခဲ့မှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေး မှူး၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတ်အား ပေးစက်ရုံ တည်ဆောက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုပြီး နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်