မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများ၌ စတင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

 

နေပြည်တော်   နိုဝင်ဘာ   ၆


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံ ပညာကျောင်းများ စတင်ဖွင့်လှစ် ချိန်တွင် တာဝန်ထမ်းဆောင်ကြ မည့် ပညာရေးဝန်ထမ်းများအား ကြိုဆိုပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် မဟာအောင်မြေမြို့နယ် ရတနာပုံ ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်း    တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ပညာ ရေးဝန်ကြီးဌာန၊    သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊  အသစ်ခန့်အပ်ထားရှိသည့်  ပညာရေးဝန်ထမ်းများ တက်ရောက် ကြသည်။

 


ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က   အမှာစကားပြောကြား သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က   အဆင့်မြင့်ပညာဦးစီးဌာနမှ တက္က သိုလ်များ၊  သိပ္ပံနှင့်   နည်းပညာ ဝန်ကြီးဌာနမှ တက္ကသိုလ်၊ ကော လိပ်၊ သိပ္ပံအထက်တန်းကျောင်း များနှင့် အခြေခံပညာဦးစီးဌာနမှ အခြေခံပညာ    ကျောင်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများအတွက် ထောက်ပံ့ ငွေများနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများကို ပေးအပ်သည်။ 

 


ယင်းနောက် ပညာရေးဝန်ကြီး ဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနကိုယ်စား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း က ကျေးဇူးတင်စကားပြောကြား ပြီး   အသစ်ခန့်အပ်ထားရှိသည့် ပညာရေးဝန်ထမ်းများနှင့်အတူ  အမှတ်တရ စုပေါင်းဓာတ်ပုံရိုက် ကူးခဲ့ကြောင်းနှင့် တေးဂီတများ ဖြင့်  ဖျော်ဖြေခဲ့ကြောင်း   သတင်း ရရှိသည်။                  

သတင်းစဉ်