မန္တလေးတိုင်းဒေသကြီးအတွင်း၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

 

မန္တလေး အောက်တိုဘာ ၁၇


ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင် ယူခွင့်အခွင့်အလမ်းများ ရရှိလာစေရန်အတွက်  နိုင်ငံတော်အစိုးရအနေဖြင့်  ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး  ဆောင်ရွက်ခဲ့ရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက် (၁၂)နှစ်နှင့်အထက်    အခြေခံပညာ အလယ်တန်း၊     အထက်တန်း  ကျောင်းသား  ကျောင်းသူများ၊  ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်     ပညာရေး ကျောင်းများမှ ကျောင်းသား ကျောင်းသူများအား  ကိုဗစ် - ၁၉ ကာကွယ်ဆေး  Sinovac  ကို စတင်ထိုးနှံပေးသည်။

 


တိုင်းဒေသကြီးအတွင်း အခြေ ခံ ပညာအလယ်တန်းနှင့်  အထက် တန်းကျောင်း     ပေါင်း    ၁၈၈၆ ကျောင်း၊   ပုဂ္ဂလိက    ကိုယ်ပိုင် ကျောင်းပေါင်း ၂၁၅ ကျောင်း၊ ဘုန်းတော်ကြီးသင်    ပညာရေး ကျောင်းပေါင်း   ၁၆၅  ကျောင်း စုစုပေါင်း ၂၂၆၆  ကျောင်းတို့ရှိ  ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်သည်။

 


ထို့ကြောင့် ယနေ့နံနက်ပိုင်းမှ စတင်၍             မြို့နယ်အလိုက်  ဆေးထိုးနှံရန် သတ်မှတ်ထားသည့်   စုရပ်နေရာများ၌    အသက်(၁၂)နှစ်နှင့်အထက်       ကျောင်းသား ကျောင်းသူများအား   နေ့ရက် အလိုက်      သတ်မှတ်ထားသည့်     လူဦးရေ         စာရင်းအလိုက် ကျန်းမာရေး       ဝန်ထမ်းများက ကိုဗစ် - ၁၉      ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ် ဆေးထိုးနှံပေးကြသည်။

 


ထို့ပြင်  ကာကွယ်ဆေးထိုးရန် စုရပ်နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များ   ထားရှိ၍ လက်ဆေးခြင်းများ  ဆောင်ရွက် စေပြီး   Mask နှင့်  Face Shield များ   ဝေငှခြင်း၊     ဆေးထိုးရန် လာရောက်သည့်    ကျောင်းသား ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်းတို့ကို တာဝန် ကျ  ကျန်းမာရေးနှင့်   ပညာရေး ဝန်ထမ်းများက   ဆောင်ရွက်ပေးကြသည်။

 


ထို့နောက်  ပညာရေးဝန်ထမ်း များနှင့်တာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံ မှုနှင့်  ပတ်သက်၍  အသက် ၁၂ နှစ်နှင့်အထက်      ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများအား  ကြိုတင် အသိ  ပညာပေးခြင်းများ  ဆောင် ရွက်ပြီး   မိဘအုပ်ထိန်းသူများ၏  သဘောတူညီချက်   လက်မှတ်    ရယူကာ  ကာကွယ်ဆေးထိုးနှံပေးသည်။

 


အဆိုပါ      ကာကွယ်ဆေး များ   ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသ ကြီး  ပညာရေးမှူးရုံးမှ   ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဦးမောင် ကြယ်က   “ ကာကွယ်ဆေးထိုးတဲ့ နေရာမှာ   ၂၀၂၁ခုနှစ်  ဇွန်လ အတွင်းက     ကျောင်းအပ်နှံတဲ့ စာရင်းနဲ့ ကျောင်းတက်ရောက်တဲ့ စာရင်းဆိုပြီး   နှစ်မျိုးလုပ်ထားပါ တယ်။ ဆေးရရှိမှု အခြေအနေအရ လက်ရှိမှာ   ကျောင်းတက်ရောက် တဲ့ စာရင်းကိုပဲ   ဆေးထိုးပေးတာ ဖြစ်ပါတယ်။     တိုင်းဒေသကြီး တစ်ခုလုံးဆိုရင်   ၁၂၂၆၈၆   ဦး ရှိပါတယ်။ ဒီစာရင်းမှာ   ကိုယ်ပိုင် ကျောင်းတွေရော  ဘုန်းတော်ကြီး သင်   ပညာရေးကျောင်းတွေပါ ပါဝင်ပါတယ်။    ဆေးထိုးမယ့်နေ့ ရက်ကတော့ ဒီနေ့ကစပြီး နိုဝင်ဘာလအထိ ထိုးနှံပေးမှာဖြစ် ပါတယ်။    တစ်တိုင်းလုံးအနေနဲ့   ဆေးထိုးစုရပ်     ၁၆၁  ခုရှိပါတယ်။ ဆေးထိုးပြီးရင် ကျောင်းပုံမှန်ဖွင့်သွားနိုင်တော့မယ်လို့    ယူဆပါ တယ်” ဟုပြောသည်။

 


ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးပါက     ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနက  ထုတ်ပြန်ထား သည့် ကိုဗစ် - ၁၉ရောဂါ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်     အညီ ကျောင်းများတွင် လုံခြုံစိတ်ချစွာ ပညာသင်ယူခွင့်      ရရှိမည်ဖြစ် ပြီး     အကြောင်းအမျိုးမျိုးကြောင့်   ဆေးထိုးနှံရန်   ကျန်ရှိခဲ့သည့် ကျောင်းသား   ကျောင်းသူများကို လည်း  ဆက်လက်စီစဉ်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း   သိရှိရသည်။

 


ယနေ့တွင်   အောင်မြေသာစံ မြို့နယ်ရှိ အမှတ်(၈)   အခြေခံ ပညာအထက်တန်းကျောင်း  စုရပ် သို့   ဆေးလာရောက်ထိုးနှံသည့် အလယ်တန်း ကျောင်းသူတစ်ဦး ကလည်း “ သမီးအနေနဲ့ ဆေးလာ ရောက်ထိုးနှံခြင်း   ဖြစ်ပါတယ်။ ဆေးထိုးပြီးတဲ့    အချိန်မှာလည်း ကိုယ့်ကိုယ်ကိုယ်   လုံခြုံစိတ်ချမှုရှိ သွားတယ်လို့    ခံစားရတယ်။  ဆေးထိုးလိုက်တဲ့အခါမှာလည်း နာကျင်ခြင်းမရှိပါဘူး။   ဒါကြောင့် သူငယ်ချင်းတို့လည်း     ဆေးလာ ရောက်ထိုးနှံကြဖို့     ပြောလိုပါ တယ်။  ကျောင်းတက်ဖို့အတွက် လည်း  အများကြီး  ပြင်ဆင်နေပါ တယ်။ ကျောင်းတက်ရတော့မယ့် အတွက်လည်း      ပျော်ရွှင်နေပါ တယ်” ဟုပြောသည်။

 


ထို့ပြင်    ကျောင်းသားမိဘ တစ်ဦးဖြစ်သူ   ဦးစိုးသူကလည်း “ကလေးတွေကို  ကာကွယ်ဆေး လာထိုးပေးခြင်းဖြစ်ပါတယ်။ အခု အချိန်မှာ  ရောဂါတွေက  ပြန့်ပွား နေပါတယ်။ ကာကွယ်ဆေးထိုး ခြင်းအားဖြင့်  ရောဂါကာကွယ်နိုင် သလို     ကျောင်းပြန်တက်ရဖို့ အတွက်လည်း   တစ်ဖက်တစ် လမ်းက   အထောက်အကူဖြစ်စေ တယ်လို့  ထင်ပါတယ်။  ကလေး တွေ   ဆေးထိုးခွင့်ရတဲ့အတွက် လည်း   ကလေးတွေ   ကိုယ်စား ဝမ်းသာမိပါတယ်။  ကျောင်းသား မိဘတွေအနေနဲ့  ယုံကြည်စိတ်ချ စွာ  ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ထိုးနှံကြပါလို့      ဖိတ်ခေါ်လိုပါ တယ်” ဟု ၎င်းကပြောသည်။

 


ယခုကဲ့သို့    ကာကွယ်ဆေး ထိုးနှံခြင်းအားဖြင့်  ကျောင်းသား ကျောင်းသူများ  ပညာသင်ယူခွင့် အခွင့်အလမ်းများ  ရရှိလာစေရန်၊ အခြေခံပညာ   ကျောင်းသား ကျောင်းသူများတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွား၊      သေဆုံးမှုကို လျှော့ချရန်နှင့်    ကျောင်းသား ကျောင်းသူများမှတစ်ဆင့်  မိသား စုနှင့် ပတ်ဝန်းကျင်သို့ ကိုဗစ် - ၁၉ ရောဂါ     ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက်      ရည်ရွယ် ဆောင်ရွက်     ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)