မန္တလေးတိုင်းဒေသကြီးအတွင်း သူနာပြုဆရာမတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့သည့် PDF အကြမ်းဖက်သမား တရားခံ အောင်နိုင်မြင့် ၏ ဝန်ခံပြောကြားချက်

 

 

ကျွန်တော်ကတော့ မန္တလေး PDF မှ အောင်နိုင်မြင့် ဖြစ်ပါတယ်။ ချမ်းမြသာစည်မြို့နယ်မှာ နေပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေး PDF အဖွဲ့ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်အရ ကျွန်တော်က ဒလန်ရှင်းလင်း ရေးတွေမှာ  အဓိကထားပြီး  လုပ်ဆောင်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့က အဓိက အားဖြင့် အုပ်ချုပ်ရေးမှူးရုံးတွေ၊   နိုင်ငံဝန်ထမ်းလုံခြုံရေးပေးတဲ့  အဓိကအဖွဲ့ဝင်တွေကို   လိုက်လံရှင်းလင်း ရပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက်ကို နယ်မြေအတွင်းထဲမှာ အဖွဲ့တွေခွဲပြီးတော့ အခြေအနေပေးရင် ပေးသလို ကျွန်တော်တို့ လုပ်ဆောင်ရတာပါခင်ဗျ။ 
လုပ်ကြံသတ်ဖြတ်
ဒီနေ့မှာတော့ ကျွန်တော်တို့အဖွဲ့က သူနာပြု ဆရာမဖြစ်တဲ့     ဒေါ်ချမ်းမြငြိမ်းနဲ့    သူ့ယောကျ်ားကို လုပ်ကြံခဲ့တာပါခင်ဗျ။ အဓိကအဖွဲ့ကတော့ ကိုတေမိ၊ ရဲရဲ၊  ပါကျဲ  တို့သုံးဦးပေါင်းပြီး   လုပ်ခဲ့ကြတာပါ။ အောင်ပင်လယ်ဘက်မှာတော့ သံဃာတော်နဲ့အတူ ဆွမ်းခံကြွချိန်လိုက်ပါလာတဲ့       ပရဟိတလုပ်တဲ့ ကိုဇော်စိုင်းဝင်း ကို ကိုဖြိုးဝေအောင်၊ ကိုနိုင်မင်းထွေး တို့က လုပ်ကြံခဲ့တယ်လို့ သိရပါတယ်။ ပြည်ကြီးတံခွန် ဘက်မှာတော့ အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းဟန်ကိုလည်း မနက်က ရှမ်းခေါက်ဆွဲစားနေချိန် နဂိုကတည်းက စောင့်ဆိုင်းနေတာပါ။ ကျွန်တော်တို့က ကိုသက်ပိုင်သူ၊ ကိုသိန်းသန်းအောင်တို့က       ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တာပါ။ 
ဒလန်ရှင်းလင်းရေးအစီအမံ
မြို့တွင်းပစ်ခတ်မှုတွေကြောင့်       လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ  မန္တလေးမြို့  လမ်းဆုံ၊  လမ်းခွ တွေမှာ    ပိတ်ဆို့ရှာဖွေနေချိန်မှာ    ကျွန်တော့်ကို ဖမ်းဆီးရမိခဲ့တာပါ။ ဒီလို ဖမ်းဆီးခံရပြီးတဲ့နောက် ပိုင်းမှာ ကျွန်တော့်ဖုန်းကို စစ်တဲ့အခါမှာ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်တွေ၊   လုံခြုံရေးအဖွဲ့ဝင်တွေ၊  ဒလန် ရှင်းလင်းရေးအစီအမံတွေကို လုံခြုံရေးအဖွဲ့ဝင်တွေ က   ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။   စစ်ဆေးချက်အရ ကျွန်တော်တို့ PDF အဖွဲ့ဝင်နေရာတွေကို လိုက်ပြဖို့ ပြောတာကြောင့် အောင်ပွဲခံတဲ့နေရာကို ကျွန်တော် ကိုယ်တိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ လိုက်ပြ ပေးခဲ့ပါတယ်။ 
ဝင်ရောက်ဖမ်းဆီးတဲ့အခါ ပြန်လည်ပစ်ခတ်
ကျွန်တော်တို့အဖွဲ့တွေ  ၆၁ လမ်း x ၆၂  လမ်း၊   ၄၂   လမ်းကို   ရောက်ရှိခဲ့တဲ့အခါမှာ၊    ဝင်ရောက် ဖမ်းဆီးခဲ့တဲ့အခါမှာ နေအိမ်အတွင်းကနေ သေနတ် တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီအခါမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပြန်လည် ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့်   လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ PDF   အဖွဲ့ဝင်   ရှစ်ဦးလည်း   သေဆုံးခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့အဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် သေဆုံးသွားတဲ့ မိသားစုဝင်တွေ ပူဆွေး သောကရောက်ခဲ့သလိုပဲ ကျွန်တော်တို့လည်း ကံ၊  ကံ၏အကျိုးခံစားနေရတယ်လိုပဲ မှတ်ယူပါတယ်။ ကျွန်တော်တို့ ဘဝနဲ့ယှဉ်ပြီးတော့ ရခဲ့တဲ့သင်ခန်းစာ တွေက  PDF အဖွဲ့တွေကို   ပြောချင်တာကတော့ ဥပဒေရဲ့အကာအကွယ်ဟာ ပြည်သူတွေအတွက် အလုံခြုံဆုံးပဲလို့ ပြောချင်ပါတယ်ခင်ဗျ။