မန္တလေးတိုင်းဒေသကြီးအတွင်း သူနာပြုဆရာမ တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူများအား  သတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၁၃ 
CRPH နှင့်   NUG အမည်ခံ   NLD ထောက်ခံ     အကြမ်းဖက်အဖွဲ့ အစည်းများသည်     အလုံးစုံ ပျက်သုဉ်းရေး      ဦးတည်ချက်များ ဖြင့်   PDF အမည်ခံအကြမ်းဖက် အဖွဲ့ကို   ဖွဲ့စည်း၍  အချို့သော ဒေသများတွင်     အေးချမ်းစွာ နေထိုင်ကြသော  ပြည်သူများကို  အကြောက်တရားဖြင့်    လွှမ်းမိုး ထိန်းချုပ်ရန်အတွက်    အကြောင်း ပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ် ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊      အများပြည်သူနှင့်     သက်ဆိုင် သော    ဆေးရုံများ၊   ကျောင်းများ၊ နေအိမ်များ၊  ကျေးရွာများ၊ ဈေး များ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိက ပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊   နိုင်ငံတော်ပစ္စည်းများ၊  ပုဂ္ဂလိကပိုင်ပစ္စည်းများနှင့် စက်ရုံ/အလုပ်ရုံ များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများကို      လုယက်ခြင်း စသည့်  အဖျက်အမှောင့်လုပ်ငန်းများကို ကျူးလွန်လျက်ရှိသည်။ 
သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်
ထိုသို့ဆောင်ရွက်လျက်ရှိရာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များသည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခွဲခန့်တွင် ချမ်းမြသာစည် မြို့နယ် ၆၂ လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြား၌ သူနာပြုဆရာမ တစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ကိုလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၁၁၃ လမ်း ၅၆(A)လမ်းနှင့် ၅၆(B)လမ်းကြားရှိ ရှမ်းခေါက်ဆွဲဆိုင်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ပြည်သူတစ်ဦးကို  လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၅၆ လမ်း၊ ၁၀၆ လမ်း နှင့် ၁၀၇ လမ်း၌ သံဃာတော်များ  အရုဏ်ဆွမ်းခံကြွနေစဉ် ကပ္ပိယ ကျောင်းသားအဖြစ် လိုက်ပါဆောင်ရွက်သူကိုလည်းကောင်း သေနတ် များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သော အကြမ်းဖက်အဖွဲ့ များကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ် ၅၅ လမ်းနှင့် ၁၁၄ လမ်း ၌ အကြမ်းဖက်သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်းအတွင်းမှ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန် ရည်ရွယ်၍ “ဒလန်သတင်းပေးရှင်းလင်းမည့်အစီအမံများ၊ လူမှုကွန်ရက် ပေါ်တွင်   ဒလန်ရှင်းလင်းရန်နှင့်   အကြမ်းဖက်ဆောင်ရွက်ရန်” ဟု  တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုထားသည့် စာသားများ စစ်ဆေး တွေ့ရှိခဲ့သည်။
သေနတ်၊ လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
ဖမ်းဆီးရမိသူ၏   ထွက်ဆိုချက်အရ   မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက် ၄၂ လမ်း၊  ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ သွပ်မိုး/ထရံကာ   နှစ်ထပ်နေအိမ်တွင်   အထက်ပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအတွက် အောင်ပွဲခံရန် စုဝေးလျက်ရှိကြောင်း  သိရှိရသဖြင့်  ည ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ  အကြမ်းဖက်များ သည် နေအိမ်အတွင်းမှ ပစ္စတိုသေနတ်များ၊ လက်ပစ်ဗုံးများဖြင့် ပြန်လည် ခုခံပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး    ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ) ရရှိခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက    ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ    PDF   အမည်ခံ အကြမ်းဖက်သူ  ခုနစ်ဦးကို  အသေဖမ်းဆီးရမိခဲ့ပြီး နေအိမ်အတွင်းမှ ပစ္စတိုသေနတ် နှစ်လက်၊ ၎င်းကျည်အိမ် ငါးခု၊ ဒေသန္တရ လက်လုပ်မိုင်း မျိုးစုံ ၁၉ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၁၀ လုံး၊ ၉ မမကျည် ၆၇ တောင့်၊ အားမြှင့်ယမ်း လေးခု၊ ဒီတိုနေတာ သုံးခု၊ အဝေးထိန်းခလုတ် သုံးခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ ထပ်မံထွက်ဆိုချက်များအရ ပြည်ကြီးတံခွန်မြို့နယ် ၁၁၇ လမ်း၊ ၅၁ လမ်းနှင့် ၅၂ လမ်းကြားရှိ ပျဉ်ထောင်သွပ်မိုးနှစ်ထပ် နေအိမ်တွင်  PDF အမည်ခံ အကြမ်းဖက်ဝင်များ ရောက်ရှိနေကြောင်း ထပ်မံသိရှိရသဖြင့် ည ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ  PDF အမည်ခံ   အကြမ်းဖက်သူတစ်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေး ခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့သည်။
အပြစ်မဲ့ပြည်သူများ  ထိခိုက်သေကျေမှုမဖြစ်ရေး
ဖမ်းဆီးရမိခဲ့သည့် PDF အမည်ခံအကြမ်းဖက်သူများကို လုပ်ထုံး လုပ်နည်းနှင့်အညီ    ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများနှင့် အပြစ်မဲ့ပြည်သူများ  ထိခိုက်သေကျေမှုများ ထပ်မံမဖြစ်ပွားစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တာဝန်သိ  ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါရန် သက်ဆိုင်ရာက  မေတ္တာရပ်ခံ  သတင်းထုတ်ပြန်ထားကြောင်း  သိရ သည်။ 
သတင်းစဉ်