မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရည်အသွေးမြင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေး

 

မန္တလေး   ဒီဇင်ဘာ   ၁၁


ရင်းနှီးမြှုပ်နှံမှုနှင့်       နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးအောင် နိုင်ဦးသည်  ယမန်နေ့    နံနက် ပိုင်းက  မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်   တံတားဦး မြို့နယ်ရှိ         မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းဖြစ်သော New Hope (Myanmar) Company Limited ၏ တိရစ္ဆာန်အစာများ ထုတ်လုပ် ခြင်းနှင့်    ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု   အားပေးရာ ကုမ္ပဏီ၏ Managing Director Mr. Zhao HuaRong က လုပ်ငန်း ဆောင်ရွက်နေမှု၊    တွေ့ကြုံနေရ သည့်      အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အမံများကို    ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက    ကုန် ထုတ်လုပ်မှု မြှင့်တင်ရေးအတွက်  လုပ်ငန်းဆိုင်ရာ    အခက်အခဲများ ကို    ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ပေးသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည်    စဉ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာ     အုပ်စုရှိ  မြန်မာနိုင်ငံ           ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဖြစ်သော  နို့၊   ပဲနို့၊  အချိုရည် အမျိုးမျိုးနှင့်   ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း     လုပ်ငန်း ဆောင်ရွက်နေသည့် Europe & Asia Beverages Company Li-mited သို့ရောက်ရှိခဲ့ပြီး ကုမ္ပဏီ၏ Executive Director ဦးဇော်ထွန်း နိုင်က  စက်ရုံလုပ်ငန်းလည်ပတ် နေမှု၊    ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေး၊ ဈေးကွက်တိုးချဲ့ရရှိ ရေး၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက် သွားမည့်ကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး     စက်ရုံ အတွင်း       လှည့်လည်ကြည့်ရှု အားပေးသည်။

 


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်  အမရပူရမြို့နယ် ကမ္ဘဲကျေးရွာအုပ်စုနှင့် ရေကြည် ပေါက်ကျေးရွာအုပ်စုရှိ     မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်    ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ် အပိုပစ္စည်းများ           တပ်ဆင် ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေသော Aung Kan Bo Motorcycle Industrial Com-pany Limited သို့  ရောက်ရှိပြီး  ကုမ္ပဏီ၏ Managing Director ဦးကျော်ကျော်မင်းက   လုပ်ငန်း ဆောင်ရွက်နေမှု၊ အရည်အသွေး မြင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး အတွက်   ဆောင်ရွက်နေမှုနှင့် လက်ရှိတွေ့ကြုံနေရသည့် အခက် အခဲများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း ဆိုင်ရာ အခက်အခဲများကို ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးပေးခဲ့ပြီး စက်ရုံ အတွင်း        လှည့်လည်ကြည့်ရှု စစ်ဆေးသည်။          

သတင်းစဉ်